ကမ္ဘာကျော် K POP အဖွဲ့က 2NE1 MEMBER တစ်ယောက် နဲ့ COLLABORATION လုပ်ထား တဲ့ သီချင်းတစ်ပုဒ် ထွက်တော့မယ် လို့ နာမည် ကြီးနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

Posted on

နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကတော့ သရုပ်ဆောင်ပိုင်း မှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင် လည်း အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ အလယ် မှာလည်း မျက်နှာပန်းပွင့် စေတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

ယခု တစ်ခါမှာတော့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ပက်သတ်ပြီး ပရိတ်သတ်တွေ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သတင်း တစ်ခု ထွက်ရှိတာတာပဲ ဖြစ်ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က ကမ္ဘာကျော် K Pop အဖွဲ့ဖြစ် တဲ့ 2ne1 Member တစ်ယောက် နဲ့ Collaboration လုပ်ထားတယ် လို့ သတင်းမွှေးနေတဲ့ သူ့ရဲ့ သီချင်းသစ် ဖြစ်တဲ့ ‘Red Light’ ကို မကြာခင်မှာ ပရိသတ်တွေကို ချပြတော့ မှာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ရဲ့သီချင်း က ထူးထူးခြားခြား အင်္ဂလိပ် Title ပေးထား တယ်ဆို ပြီး ထင်မြင်ချက် တွေ ပေးနေခဲ့သလို 2ne1 ဘက်က လည်း မြန်မာ အဆိုတော် တစ်ယောက် နဲ့ သီချင်းထွက် ဖို့ ရှိတယ် ဆိုပြီး သတင်းအစအန ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်အများ ထင်ကြေးပေးနေတာ ကတော့ 2ne1 အဖွဲ့ထဲ က Minzy ဒါမှမဟုတ် Prak Bom နဲ့ ဖြစ်နိုင်တယ် လို့ ပြောနေကြပြီး ဘယ်သူနဲ့များ ဖြစ်မလဲ ဆိုတာ သေချာ တိကျစွာ မသိရသေးပါဘူး။ အကယ်၍ ဒီသတင်း သာ အမှန်တကယ် ဖြစ်လာရင် တော့ စိုင်းစိုင်းခမ်းလှိုင် အတွက်လည်း ဂီတ မှတ်တိုင်ကောင်း တစ်ခုကို ရောက်ရှိ စေခဲ့သလို မြန်မာနိုင်ငံက ပရိတ်သတ်တွေ ကြားမှာလည်း ပိုပြီး သူရဲ့ အောင်မြင်မှုတွေ ကို အားပေးလာကြမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *