ကိုဗစ်ကြောင့် စားဝတ်နေရေး ခက်ခဲနေသူများကို လှူဒါန်းခဲ့တဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

Posted on

နာမည်ကြီး ဒီဇိုင်နာ အဖြစ်ရပ်တည်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး ကတော့ အလှူအတန်း ရက်ရောသူဖြစ်သလို ရရှိသမျှ ဝင်ငွေတွေကို လည်း အမြဲလိုလို လှူဒါန်းမှု ပြုနေသူတစ်ယောက်ပါ။ လက်ရှိခံ စားနေရတဲ့ ကိုဗစ် ၁၉ ကာလ အတွင်းမှာလည်း မကြာခဏဆိုသလို လှူဒါန်းမှု တွေ ပြုခဲ့ပြီး ယခုလည်း စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ မိသားစုတွေ ကို လှူဒါန်းမှု ပြုလုပ်ခဲ့တာပါ။

ဒီဇိုင်နာ မျိုးမင်းစိုးကတော့ သူရဲ့ လှူဒါန်းခဲ့မှုကို ‘ ဒီနေ့ အလှူ (၂၃-၁၂-၂၀၂၀) ဆန်(၂၄) ပြည်အိတ် ( ၃၄၀ )အိတ် ၊ PPE ဝတ်စုံ ၂၀၀ ၊ ခေါက်ဆွဲခြောက်ထုတ် (၉၀၀) တန်ဖိုးငွေစုစုပေါင်း ( ၁၆၇ )သိန်း (တစ်ရာခြောက်ဆယ်ခုနှစ်သိန်း) ကို အဖြူရောင် နှလုံးသား လူမူရေးအသင်း နဲ့ မိတ်ဆွေ သူငယ်ချင်းတွေ စုပေါင်းပြီး ပြင်ဦးလွင် အနီးတဝိုက် မှာရှိကြ တဲ့ ကိုဗစ် ၁၉ ကြောင့် စားဝတ် နေရေး အခက်အခဲကြုံနေ ကြတဲ့အိမ်ထောင်စု ဝင်တွေကို လှုဒါန်းမှာပါ။

ကိုဗစ် ၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ပြင်ဦးလွင်မြို့ မှတဆင့် ပေးအပ်လှူဒါန်း ပေးမှာပါ။ ယခုလို အချိန်တွေမှာ လူတိုင်း အနည်းနဲ့အများ အခက်အခဲတွေ ကိုယ်စီရှိ နေကြလည်း မိမိထက် ပိုခက်ခဲတဲ့ သူတွေ အတွက်ကိုလည်း တစ်တတ်တစ် အား ပါဝင်လှူဒါန်းထား တဲ့ ဒါနအလှူ လေးတခုပါ။ ပါဝင်လှူနိုင်ခဲ့ရ လို့ ပီတိဖြစ်ရပါတယ် အမြဲလှူဒါန်းနိုင် တဲ့ လက်တစ်စုံဖြစ် ပါရစေ ‘ ဆို ပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာ မှာ ရေးသား တင်ထားလာ ပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး က အလှူအတန်း များစွာ ပြုလုပ်လေ့ ရှိတာကြောင့်လည်း ဘွဲ့တံဆိပ်တွေ ရရှိထား သူပါတယ်။ ယခု ကိုဗစ်ကာလမှာလည်း ဆက်တိုက် လှူဒါန်းနေ တာဖြစ်ပြီး ပြင်ဦးလွင် အနီး တဝိုက်မှာ ရှိကြ တဲ့ ကိုဗစ် ကြောင့် စားဝတ် နေရေးအခက်အခဲ ကြုံနေကြတဲ့ အိမ်ထောင်စု ဝင်တွေကို လှူဒါန်းခဲ့တာ လည်း ဖြစ်ပါတယ်။

source:Myo Min Soe

zawgyi





source:Myo Min Soe

Leave a Reply

Your email address will not be published. Required fields are marked *