ကိုဗစ် ၁၉ ကပ်ရောဂါ တွေပြီးတဲ့ အခါ ပထမဆုံး ရိုက်ချင် တဲ့ ရုပ်ရှင်အကြောင်းကို ဖွင့်ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted on


နိုင်ငံကျော် ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က တော့ ရုပ်ရှင်သရုပ်ဆောင် အဖြစ်လည်း အောင်မြင်မှုကို ထိန်းသိမ်းထားနိုင် သူပဲဖြစ်ပါတယ်။

စိုင်းစိုင်းက မကြာသေးခင်ကလည်း တောင်ကိုရီးယားမှ ကမ္ဘာကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ Park Bomနဲ့အတူ တွဲဖက်ကာ သီချင်းသစ်တစ်ပုဒ် ဆိုခဲ့ပြီး နိုင်ငံတကာ က ပရိတ်သတ်တွေ ရဲ့ ချီးကျူးအားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်နော်။

လက်ရှိကိုဗစ် ၁၉ ကာလတွင် ရုပ်ရှင်များ ထုတ်လွှင့်ပြသမှုများ ကို ရပ်တန့်လိုက်ရတာကြောင့် စိုင်းစိုင်း ရဲ့ ‘ပိတောက်ကတဲ့ ဂီတ’ ရုပ်ရှင်ဇာတ်ကားကြီးက လည်း ပြသနေဆဲမှာ ရပ်တန့်လိုက်ရ တာလည်း ဖြစ်ပါတယ်နော် ။

အနုပညာ လုပ်ငန်းများ အားလုံးရပ် နားထားရတာ ကြောင့် ကပ်ရောဂါပြီးတဲ့ အခါ ရိုက်ကူးချင် တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင် းကို လည်း အခုလို ပဲ စိုင်းစိုင်းခမ်းလှိုင် က လူမှုကွန်ယက် စာမျက်နှာ ကနေတဆင့် ပြောပြခဲ့ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က ‘ ကိုယ့်အတွက် ပထမဆုံး တီဗွီဇာတ်လမ်း ကို သူငယ်ချင်းတွေနဲ့ တွဲရိုက်ရမယ့်အချိန် မှာ ကပ်ဆိုက်ပြီး ရပ်ထားလိုက်ရ တယ် ပြန်ရိုက်ခွင့်ရတာ နဲ့ ဒီဇာတ်လမ်း ကို အရင်ဆုံးရိုက်မယ် သရုပ်ဆောင် တွေအားလုံး ပြန်စုလို့ မှ ရပါ့မလား မရရင် အိမ်အထိ လိုက်ခေါ် မယ်’ ဟု ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို အခုလိုပဲ ရေးသားပြောပြခဲ့ပါတယ်။

source- SaiSai KhanLeng

Leave a Reply

Your email address will not be published. Required fields are marked *