ကိုဗစ် ၁၉ ကာကွယ်ဆေး ကို မိမိဆန္ဒအလျောက် လာရောက်အထိုးခံသူ များကိုသာ ထိုးပေးမည် ဟု အစိုးရကြေညာ

Posted on

ကိုဗစ် ကာကွယ်ဆေး ကို လူတိုင်းထိုးနှံပေးမည် မဟုတ်ဘဲ မိမိဆန္ဒအလျောက် လာ‌ရောက် အထိုးခံသူ များကိုသာ ထိုးနှံပေးမည် ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာ မှ ကြေညာလိုက်ပါတယ်

ယခုအကြောင်းအရာအား ‘ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သော မေးခွန်းနှင့် အဖြေများ’ ဟု ခေါင်းစဥ် တပ်ထား သည့် အဆိုပါ ကြေညာချက် တွင် ကိုဗစ်ကာကွယ်ဆေး သည် မိမိ သဘောဆန္ဒ အလျောက် ထိုးနှံ့ရမည့် ကာကွယ်ဆေး ဖြစ်သည် ဟု ဖော်ပြထားပါတယ်။ ကာကွယ်ဆေး ကို ထိုးနှံမည် ဟု ဆုံးဖြတ်ထားပါ က ရောဂါကူးစက်မှု ကို ကာကွယ်နိုင် မည့် ကိုယ်ခံအား ရရှိရန် သတ်မှတ် အကြိမ် အရေအတွက် ကို ပြည့်အောင် ထိုးနှံရမည် ဟုလည်း ရေးသားထားပါ တယ်။

၎င်းကိုဗစ် ၁၉ ကာကွယ်ဆေးသည် (၅၀) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်း အထိသာ ကာကွယ်နိုင် မည် ဖြစ်ပြီးပြင်းထန် သော ဘေးထွက်ဆိုးကျိုး မရှိသည့် ဆေးမျိုး ထိုးနှံပေးမယ် လို့ သိရပါတယ်။ အဆိုပါ ကာကွယ်ဆေးများ အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထောက်ခံချက် မရရှိသေး ဘဲ ကာကွယ်ဆေး ထိန်းချုပ် စိစစ်သူများမှ စစ်ဆေးပြီး ကမ္ဘာ့စျေးကွက် အ တွင်း ရောင်းချရန်ခွင့်ပြုချက် ရရှိထား သော ဆေးများသာ ထိုးမည်ဖြစ်ကြောင်း လည်း သိရပါတယ်။

ကာကွယ်ဆေးကို ကိုဗစ်ရောဂါ (၁)ကြိမ် ဖြစ်ဖူးသူများလည်း ထိုးရန်လိုအပ်ကြောင်း သိရပြီး လတ်တလောရောဂါ ဖြစ်နေသူ နှင့် သံသယလူနာများ မှာ မူ (၁၄) ရက်ကြာ မှ သာ ထိုးခွင့်ရမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ကာကွယ်ဆေးအား အကြိမ်ပြည့် ထိုးနှံပြီးချိန် မှစ၍ ကိုယ်ခန္ဓ ာမှ ကိုယ်ခံစွမ်းအားထွက်သည့် အချိန်ထိ အနည်းဆုံး (၂)ပတ်ခန့် ကြာမြင့်မည်ဟု လည်း ထုတ်ပြန်ချက်တွင် ပါရှိထားပါတယ်။

zawgyi

ကိုဗစ္ ကာကြယ္ေဆး ကို လူတိုင္းထိုးႏွံေပးမည္ မဟုတ္ဘဲ မိမိဆႏၵအေလ်ာက္ လာ‌ေရာက္ အထိုးခံသူ မ်ားကိုသာ ထိုးႏွံေပးမည္ ဟု က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာ မွ ေၾကညာလိုက္ပါတယ္

ယခုအေၾကာင္းအရာအား ‘ကိုဗစ္ ကာကြယ္ေဆးႏွင့္ ပတ္သက္ေသာ ေမးခြန္းႏွင့္ အေျဖမ်ား’ ဟု ေခါင္းစဥ္ တပ္ထား သည့္ အဆိုပါ ေၾကညာခ်က္ တြင္ ကိုဗစ္ကာကြယ္ေဆး သည္ မိမိ သေဘာဆႏၵ အေလ်ာက္ ထိုးႏွံ့ရမည့္ ကာကြယ္ေဆး ျဖစ္သည္ ဟု ေဖာ္ျပထားပါတယ္။ ကာကြယ္ေဆး ကို ထိုးႏွံမည္ ဟု ဆုံးျဖတ္ထားပါ က ေရာဂါကူးစက္မႈ ကို ကာကြယ္နိုင္ မည့္ ကိုယ္ခံအား ရရွိရန္ သတ္မွတ္ အႀကိမ္ အေရအတြက္ ကို ျပည့္ေအာင္ ထိုးႏွံရမည္ ဟုလည္း ေရးသားထားပါ တယ္။

၎ကိုဗစ္ ၁၉ ကာကြယ္ေဆးသည္ (၅၀) ရာခိုင္ႏႈန္းမွ (၇၀) ရာခိုင္ႏႈန္း အထိသာ ကာကြယ္နိုင္ မည္ ျဖစ္ၿပီးျပင္းထန္ ေသာ ေဘးထြက္ဆိုးက်ိဳး မရွိသည့္ ေဆးမ်ိဳး ထိုးႏွံေပးမယ္ လို႔ သိရပါတယ္။ အဆိုပါ ကာကြယ္ေဆးမ်ား အတြက္ ကမၻာ့က်န္းမာေရး အဖြဲ႕၏ ေထာက္ခံခ်က္ မရရွိေသး ဘဲ ကာကြယ္ေဆး ထိန္းခ်ဳပ္ စိစစ္သူမ်ားမွ စစ္ေဆးၿပီး ကမၻာ့ေစ်းကြက္ အ တြင္း ေရာင္းခ်ရန္ခြင့္ျပဳခ်က္ ရရွိထား ေသာ ေဆးမ်ားသာ ထိုးမည္ျဖစ္ေၾကာင္း လည္း သိရပါတယ္။

ကာကြယ္ေဆးကို ကိုဗစ္ေရာဂါ (၁)ႀကိမ္ ျဖစ္ဖူးသူမ်ားလည္း ထိုးရန္လိုအပ္ေၾကာင္း သိရၿပီး လတ္တေလာေရာဂါ ျဖစ္ေနသူ ႏွင့္ သံသယလူနာမ်ား မွာ မူ (၁၄) ရက္ၾကာ မွ သာ ထိုးခြင့္ရမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ကာကြယ္ေဆးအား အႀကိမ္ျပည့္ ထိုးႏွံၿပီးခ်ိန္ မွစ၍ ကိုယ္ခႏၶ ာမွ ကိုယ္ခံစြမ္းအားထြက္သည့္ အခ်ိန္ထိ အနည္းဆုံး (၂)ပတ္ခန္႔ ၾကာျမင့္မည္ဟု လည္း ထုတ္ျပန္ခ်က္တြင္ ပါရွိထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *