ကိုဗစ် ၁၉ ကာလကြီးဆိုတာ ကိုမေ့သွားအောင် စည်ကားနေ တဲ့ ရေးမြို့

Posted on

ကိုဗစ္ ၁၉ ကာလႀကီးဆိုတာ ကိုေမ့သြားေအာင္ စည္ကားေန တဲ့ ေရးၿမိဳ႕

မွန်ပြည်နယ် ရေးမြို့မှာ ခုလိုစည်စည်ကားကားနဲ့ ကျင်းပနေကြတဲ့ ပုံရိပ်များကို တွေ့လိုက်ရတော့ ကိုဗစ် ၁၉ ကာလဆိုတာကြီးကို မေ့သွားသလိုပဲ။ တကယ်တမ်းပြန်တွေးကြည့်ရင် အခုအချိန်ဟာ ကိုဗစ် ၁၉ ကပ် ရောဂါကူးစက်ပျံ့နှံ့မှု ဟာ မြို့ကြီးတွေ မှာ ကျဆင်းသွားနေပြီ လို့ဆိုရပေ့မယ့်လည်း နယ်မြို့တွေအနေနဲ့က တော့ ကူးစက်မှုတွေ ဆက်လက်ကျန်ရှိနေဆဲလည်း ဖြစ်ပါတယ်နော်။

ယခုမှာ ကိုဗစ်၁၉ ကာကွယ်ဆေး တွေ စတင်ထိုးနှံပေးသွား မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်း ရရှိဖို့က အချိန်ကြာဦး မှာ ဖြစ်ပါတယ်ထို့ကြောင့် လက်ရှိ အချိန်မှာ ပျော်ပွဲရွှင်ပွဲနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြရန်နှင့် တစ်ဦးနဲ့တစ်ဦးခပ် ခွာခွာနေကြဖို့ လိုအပ်နေ‌သေး တဲ့ အချိန်ကာလ ဖြစ်ပါတယ်။

သို့ပါသော်လည်း အွန်လိုင်းပေါ် မှာ ပျံ့နှံ့လာ တဲ့ မွန်ပြည်နယ်၊ရေးမြို့က ပွဲလုပ်နေ တဲ့ ပုံတွေကို ကြည့်ရတာ လတ်တလော ပြုလုပ်ထားတဲ့ ပုံတွေ ဖြစ်တယ် လို့ သိရပါတယ်။လူဦးရေ အများအပြား နဲ့ ပွဲကျင်းပပြီး စည်ကားနေပုံ ကတော့ ကိုဗစ် ၁၉ ကာလလို့ကို မထင်ရအောင် ဖြစ်နေပါတယ်နော်။

ကိုဗစ်ပထမ လှိုင်းပြီးကာ စတုန်းက လည်း ယခုလိုတွေ အစုလိုက် အပြုံလိုက် ပျော်ပွဲရွှင်ပွဲ တွေ ပြုလုပ်ခဲ့ကြ လို့ လက်ရှိကိုဗစ် ဒုတိယလှိုင်း နဲ့ ကြုံတွေ့နေခဲ့ ရတာ ဖြစ်ပါတယ်။ မွန်ပြည်နယ် ရေးမြို့က ကိုရင်လေး ဆရာတော်ကျောင်း မှာ ကျင်းပခဲ့တဲ့ ပွဲလို့သိရပါတယ်။

zawgyi

မြန္ျပည္နယ္ ေရးၿမိဳ႕မွာ ခုလိုစည္စည္ကားကားနဲ႔ က်င္းပေနၾကတဲ့ ပုံရိပ္မ်ားကို ေတြ႕လိုက္ရေတာ့ ကိုဗစ္ ၁၉ ကာလဆိုတာႀကီးကို ေမ့သြားသလိုပဲ။ တကယ္တမ္းျပန္ေတြးၾကည့္ရင္ အခုအခ်ိန္ဟာ ကိုဗစ္ ၁၉ ကပ္ ေရာဂါကူးစက္ပ်ံ႕ႏွံ့မႈ ဟာ ၿမိဳ႕ႀကီးေတြ မွာ က်ဆင္းသြားေနၿပီ လို႔ဆိုရေပ့မယ့္လည္း နယ္ၿမိဳ႕ေတြအေနနဲ႔က ေတာ့ ကူးစက္မႈေတြ ဆက္လက္က်န္ရွိေနဆဲလည္း ျဖစ္ပါတယ္ေနာ္။

ယခုမွာ ကိုဗစ္၁၉ ကာကြယ္ေဆး ေတြ စတင္ထိုးႏွံေပးသြား မွာ ျဖစ္ေပမယ့္ ျမန္မာနိုင္ငံ လူဦးေရ ရဲ့ (၇၀) ရာခိုင္ႏႈန္း ရရွိဖို႔က အခ်ိန္ၾကာဦး မွာ ျဖစ္ပါတယ္ထို႔ေၾကာင့္ လက္ရွိ အခ်ိန္မွာ ေပ်ာ္ပြဲရႊင္ပြဲနဲ႔ လူစုလူေဝးေတြ မျပဳလုပ္ၾကရန္ႏွင့္ တစ္ဦးနဲ႔တစ္ဦးခပ္ ခြာခြာေနၾကဖို႔ လိုအပ္ေန‌ေသး တဲ့ အခ်ိန္ကာလ ျဖစ္ပါတယ္။

သို႔ပါေသာ္လည္း အြန္လိုင္းေပၚ မွာ ပ်ံ႕ႏွံ့လာ တဲ့ မြန္ျပည္နယ္၊ေရးၿမိဳ႕က ပြဲလုပ္ေန တဲ့ ပုံေတြကို ၾကည့္ရတာ လတ္တေလာ ျပဳလုပ္ထားတဲ့ ပုံေတြ ျဖစ္တယ္ လို႔ သိရပါတယ္။လူဦးေရ အမ်ားအျပား နဲ႔ ပြဲက်င္းပၿပီး စည္ကားေနပုံ ကေတာ့ ကိုဗစ္ ၁၉ ကာလလို႔ကို မထင္ရေအာင္ ျဖစ္ေနပါတယ္ေနာ္။

ကိုဗစ္ပထမ လွိုင္းၿပီးကာ စတုန္းက လည္း ယခုလိုေတြ အစုလိုက္ အျပဳံလိုက္ ေပ်ာ္ပြဲရႊင္ပြဲ ေတြ ျပဳလုပ္ခဲ့ၾက လို႔ လက္ရွိကိုဗစ္ ဒုတိယလွိုင္း နဲ႔ ၾကဳံေတြ႕ေနခဲ့ ရတာ ျဖစ္ပါတယ္။ မြန္ျပည္နယ္ ေရးၿမိဳ႕က ကိုရင္ေလး ဆရာေတာ္ေက်ာင္း မွာ က်င္းပခဲ့တဲ့ ပြဲလို႔သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *