ကိုးလအရွယ် သားလေး ထမင်းရည်ပူလောင်ပြီး အပူဒဏ်ကို မခံနိုင်သည့်အတွက် အသက်သေဆုံးသွားခဲ့ရ

Posted on

အိမ်နောက်ဖေး ကြမ်းပြင် ကျိုးကျကာ အဖေ၊အမေနှင့် (၉)လသား လေးတို့ သုံးယောက်စလုံး အိမ်အောက်သို့ ကြမ်း ကျွံကျခဲ့သည်။ ကြမ်းကျွံကျသည့် အချိန်တွင် ထမင်းအိုး တည်ထားသဖြင့် ခလေးငယ် ၏ ကိုယ်ပေါ်သို့ ထမင်းရည်ပူများ လောင်းချသလိုဖြစ်က အပူလောင်ခဲ့ခြင်း ဖြစ်သည်။ ဖခင်နဲ့ မိခင်ဖြစ်သူ တို့မှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

၎င်းအခင်းဖြစ် ရာ နေအိမ် ပတ်ဝန်းကျင် မှ လူများ လာရောက် ကူညီပေးခဲ့ရသည်.အကုန်လုံးက ခလေးငယ်အား ဆေးရုံသို့ တင်ပို့ ရန် အကြံပေးကြ သော်လည်းဆေးရုံ တင်စရိတ် မရှိရှာ သည့် မိသားစု ဖြစ်သည့်အတွက် မတတ်နိုင်ခဲ့ကြရှာပေ။

ခလေးငယ်မှာ ထမင်းရည်အပူဒဏ်ကို ပြင်းထန်စွာ လောင်ကျွမ်းခံရသည့် အရှိန်ကြောင့် မချိမဆန့် ခံစားနေခဲ့ရပြီး မိခင်အားကြည့်ကာ သူ၏ရင်ဘက်လေးကို လက်ဖြင့် ပုတ်ပြရင်း အသက်ထွက်သွားကာ သေဆုံးသွားခဲ့ရရှာသည်။ ခလေးငယ်အား သင်္ဂြိုလ်ရန်ပင် ငွေကြေး မတတ်နိုင်သောကြောင့် ဒေသခံများ မှ မြေကြီးတူး မြေမြုပ်ပေးခဲ့ရကြောင်းလည်း သိရှိခဲ့ရပါတယ်။

ခလေးရယ် နောက်နောင်ဘဝ ဆက်တိုင်းမှာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ပါရစေနဲ့ လို့ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

ကလေးတွေကို ဂရုစိုက်ကြပါနော် (၉)လသားအရွယ်(ခလေး)ငယ်လေး ထမင်းရည် ပူလောင်ပြီး အသက်သေဆုံးသွားကြောင်း ကြားသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *