ကူးစက်နှုန်း အဆ(၇၀) အထိ မြန်ဆန်သော အသစ်တွေ့ ရှိခဲ့ တဲ့ စူပါ ကိုဗစ်ပိုး

Posted on

ကာကွယ်ဆေးတွေ အောင်မြင်စွာ ဖော်ထုတ်လာနိုင်တာကြောင့် ကိုဗစ်ကို အောင်နိုင်ပြီလို့ ဝမ်းသာဖို့ စိတ်ကူးရုံရှိသေးတယ် ကူးစက်နှုန်း အဆ (၇၀) မြန် တဲ့ စူပါကိုဗစ်ပိုး ထပ်မံတွေ့ရှိလာပြန်ပါပြီ။

အင်္ဂလန်မှာ တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်နှုန်း အဆ(၇၀)အထိ မြန်နေတယ် လို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဒီဇင်ဘာလ(၁၉)ရက် နေ့ မွန်းလွဲပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ကြောင်းသိရပါတယ်။ ၎င်း ကိုဗစ် ရောဂါပိုးဟာ မျိုးစိတ် အမျိုးမျိုးပြောင်းလဲခဲ့ရာ ကနေ အခုနောက်ဆုံးတွေ့ရှိခဲ့တဲ့ အင်္ဂလန်က မီဒီယာတွေ က စူပါကိုဗစ် လို့ ခေါ်တဲ့ မျိုးကွဲပိုး ဟာ ၁၇ ခုမြောက် မျိုးစိတ်ကွဲ လို့ သိရှိရပါတယ်။ ၎င်း ပိုးဟာ လန်ဒန်မြို့ကြီးမှာ တော်တော်ပျံ့နှံ့ နေသလို နိုင်ငံရဲ့ အရှေ့တောင်ပိုင်း နဲ့ အရှေ့ပိုင်းတွေမှ ာလည်း အများဆုံး ပျံ့နှံ့နေလျက်ရှိကြောင်း သိရပါတယ်။

ထို့ကြောင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ သူ့ရဲ့ ကျန်းမာရေးသုတေသနပညာ ရှင်တွေရဲ့ တွေ့ရှိချက် ကို ပြည်သူတွေ ဆီ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ချိန် မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် ခရစ္စမတ်နဲ့ နှစ်သစ်ကူး နေ့တွေမှ ာလည်း အတင်းကျပ် ဆုံး စည်းမျဉ်းတွေ အောက် မှာ နေထိုင်ဖို့ နဲ့ ပွဲလမ်းသဘင် တွေကို ရှောင်ရှားဖို့အတွက်လည်း ပြောခဲ့ပါသေးတယ်။

ယခုလို စည်းကမ်းလိုက်နာမှု ဟာ ချစ်တဲ့သူတွေ ကို ဂရုစိုက်ရာ ရောက်ကြောင်းနဲ့ လာမည်နှစ် ခရစ္စမတ်ပွဲတော် နဲ့ နှစ်သစ်ကူး ပွဲတွေ မှာ ပြန်ပြီး တွေ့ဆုံပျော်ရွှင်ကြဖို့ ဘောရစ်ဂျွန်ဆင် က ပြည်သူတွေ ကို ပန်ကြား ပြောဆိုခဲ့ကြောင်း လည်း သိရပါတယ်။ ယခုလို အချိန်မှာ ကိုဗစ် ကူးစက်မှုနှုန်း ကို ဒေသအ လိုက် အဆင့်သုံး ဆင့် ခွဲထားရာ က အဆိုးရွားဆုံး အဆင့် နယ်မြေ အဖြစ် စတုတ္ထမြောက် အဆင့် ကိုပါ ပြဋ္ဌာန်းချက် ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

ကူးစက်မှုနှုန်း သိပ်မရှိဘဲ သက်သာတဲ့ ပထမ အဆင့် နယ်မြေတွေ မှာ သင့်တော် တဲ့ ခရစ္စမတ် မိသားစု တွေ့ဆုံပွဲတွေ ကို စည်းကမ်းနဲ့အညီ လုပ်ခွင့် ပေးထားပါတယ်။ အဆင့်(၄) သတ်မှတ်ခံထားရတဲ့ အနီရောင် နယ်မြေ မှာ နေထိုင်သူတွေ ကတော့ ခရစ္စမတ်နေ့ ဖြစ်ဖြစ် တခြား ဘယ်ရက်မှာ ဖြစ်ဖြစ် နေအိမ် ပြင်ပမှာ ဘယ်သူနဲ့မှ မတွေ့ရဘူး လို့ အမိန့်ထုတ် ပြန် ထားပါတယ်။ လက်ရှိအချိန်တွင် အင်္ဂလန်မှာ ကိုဗစ်ကူး စက်ခံရသူ သိန်း (၂၀)ကျော်နေရှိပြီး သေဆုံးသူ ကတော့ (၆)သောင်းကျော် ရှိနေပါတယ်။

zawgyi

ကာကြယ္ေဆးေတြ ေအာင္ျမင္စြာ ေဖာ္ထုတ္လာနိုင္တာေၾကာင့္ ကိုဗစ္ကို ေအာင္နိုင္ၿပီလို႔ ဝမ္းသာဖို႔ စိတ္ကူး႐ုံရွိေသးတယ္ ကူးစက္ႏႈန္း အဆ (၇၀) ျမန္ တဲ့ စူပါကိုဗစ္ပိုး ထပ္မံေတြ႕ရွိလာျပန္ပါၿပီ။

အဂၤလန္မွာ ေတြ႕ရွိခဲ့တဲ့ မ်ိဳးဗီဇေျပာင္း ကိုဗစ္ပိုး ကူးစက္ႏႈန္း အဆ(၇၀)အထိ ျမန္ေနတယ္ လို႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ က ဒီဇင္ဘာလ(၁၉)ရက္ ေန႔ မြန္းလြဲပိုင္း သတင္းစာ ရွင္းလင္းပြဲမွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ေၾကာင္းသိရပါတယ္။ ၎ ကိုဗစ္ ေရာဂါပိုးဟာ မ်ိဳးစိတ္ အမ်ိဳးမ်ိဳးေျပာင္းလဲခဲ့ရာ ကေန အခုေနာက္ဆုံးေတြ႕ရွိခဲ့တဲ့ အဂၤလန္က မီဒီယာေတြ က စူပါကိုဗစ္ လို႔ ေခၚတဲ့ မ်ိဳးကြဲပိုး ဟာ ၁၇ ခုေျမာက္ မ်ိဳးစိတ္ကြဲ လို႔ သိရွိရပါတယ္။ ၎ ပိုးဟာ လန္ဒန္ၿမိဳ႕ႀကီးမွာ ေတာ္ေတာ္ပ်ံ႕ႏွံ့ ေနသလို နိုင္ငံရဲ့ အေရွ႕ေတာင္ပိုင္း နဲ႔ အေရွ႕ပိုင္းေတြမွ ာလည္း အမ်ားဆုံး ပ်ံ႕ႏွံ့ေနလ်က္ရွိေၾကာင္း သိရပါတယ္။

ထို႔ေၾကာင့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ ဟာ သူ႔ရဲ့ က်န္းမာေရးသုေတသနပညာ ရွင္ေတြရဲ့ ေတြ႕ရွိခ်က္ ကို ျပည္သူေတြ ဆီ သတင္း စာရွင္းလင္းပြဲ ျပဳလုပ္ခ်ိန္ မွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။ ထို႔အျပင္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူး ေန႔ေတြမွ ာလည္း အတင္းက်ပ္ ဆုံး စည္းမ်ဥ္းေတြ ေအာက္ မွာ ေနထိုင္ဖို႔ နဲ႔ ပြဲလမ္းသဘင္ ေတြကို ေရွာင္ရွားဖို႔အတြက္လည္း ေျပာခဲ့ပါေသးတယ္။

ယခုလို စည္းကမ္းလိုက္နာမႈ ဟာ ခ်စ္တဲ့သူေတြ ကို ဂ႐ုစိုက္ရာ ေရာက္ေၾကာင္းနဲ႔ လာမည္ႏွစ္ ခရစၥမတ္ပြဲေတာ္ နဲ႔ ႏွစ္သစ္ကူး ပြဲေတြ မွာ ျပန္ၿပီး ေတြ႕ဆုံေပ်ာ္ရႊင္ၾကဖို႔ ေဘာရစ္ဂၽြန္ဆင္ က ျပည္သူေတြ ကို ပန္ၾကား ေျပာဆိုခဲ့ေၾကာင္း လည္း သိရပါတယ္။ ယခုလို အခ်ိန္မွာ ကိုဗစ္ ကူးစက္မႈႏႈန္း ကို ေဒသအ လိုက္ အဆင့္သုံး ဆင့္ ခြဲထားရာ က အဆိုးရြားဆုံး အဆင့္ နယ္ေၿမ အျဖစ္ စတုတၳေျမာက္ အဆင့္ ကိုပါ ျပ႒ာန္းခ်က္ ထုတ္ျပန္ေၾကျငာ ခဲ့ပါတယ္။

ကူးစက္မႈႏႈန္း သိပ္မရွိဘဲ သက္သာတဲ့ ပထမ အဆင့္ နယ္ေျမေတြ မွာ သင့္ေတာ္ တဲ့ ခရစၥမတ္ မိသားစု ေတြ႕ဆုံပြဲေတြ ကို စည္းကမ္းနဲ႔အညီ လုပ္ခြင့္ ေပးထားပါတယ္။ အဆင့္(၄) သတ္မွတ္ခံထားရတဲ့ အနီေရာင္ နယ္ေၿမ မွာ ေနထိုင္သူေတြ ကေတာ့ ခရစၥမတ္ေန႔ ျဖစ္ျဖစ္ တျခား ဘယ္ရက္မွာ ျဖစ္ျဖစ္ ေနအိမ္ ျပင္ပမွာ ဘယ္သူနဲ႔မွ မေတြ႕ရဘူး လို႔ အမိန႔္ထုတ္ ျပန္ ထားပါတယ္။ လက္ရွိအခ်ိန္တြင္ အဂၤလန္မွာ ကိုဗစ္ကူး စက္ခံရသူ သိန္း(၂၀)ေက်ာ္ေန ၿပီး ေသဆုံးသူ ကေတာ့ ေျခာက္ေသာင္းေက်ာ္ ရွိေန ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *