ကြေးသွန်းဘုရားရှေ့ တွင် ဆန္ဒပြနေ သည့် တပ်မတော် ထောက်ခံသူများ နှင့် ရပ်ကွက်နေ ပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြ

Posted on

ေၾကးသြန္းဘုရားေရွ႕ တြင္ ဆႏၵျပေန သည့္ တပ္မေတာ္ ေထာက္ခံသူမ်ား ႏွင့္ ရပ္ကြက္ေန ျပည္သူမ်ား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ၾက

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မြန်မာ့ တပ်မတော်ကို ထောက်ခံသည့် လူများ ၊ ရဟန်းသံဃာများ ၅၀၀ ကျော်ခန့်သည် ရန်ကုန်မြို့ရှိ ‌ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ အရှေ့မျက်နှာစာ‌ ကြေးသွန်းဘုရား‌ရှေ့တွင် ဆန္ဒပြခဲ့ပြီး ရပ်ကွက်နေ ပြည်သူများအား လိုက်လံ ရန်ပြုကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု တွေ့ရသည်။

ဆန္ဒပြသူများသည် မြန်မာ့ ပြည်တွင်းရေးအား ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုကို လက်မခံပါ ၊ နိုင်ငံတော်ကိုကာကွယ်‌နေ‌သော မြန်မာ့တပ်မတော်အားထောက်ခံပါ၏၊ပြည်ပအားကိုး ပုဆန်ရိုးများ ကို ချေမှုန်းကြ’ စသည်များကို အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး သံဃာတော်များက တပ်မတော်ထောက်ခံကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် လက်ရှိနိုင်ငံတော်အကြီးအကဲများ အပေါ် စင်မြင့်ထက်မှ ဝေဖန်မှုများ ပြောဆိုခဲ့ကြပါသည်။

ထိုသို့ ဆန္ဒပြမှုများဖြစ်နေစဥ် အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အလံပါ အင်္ကျီအား ဝတ်ဆင်ထားသူ အနှေးယာဥ်(ဆိုက်ကားသမား)တစ်ဦးအား ဆန္ဒပြသူများက ဒေါသတကြီး ရိုက်နှက်ခဲ့ခြင်းနှင့်၊ ဈေး‌ရောင်းသူ လူတစ်ဦး ကို လိုက်လံရိုက် နှက်ခြင်းဖြင့် ဆန္ဒပြသူများ နှင့် ရပ်ကွက်နေ ပြည်သူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည် ။‌ အဆိုပါ ဆန္ဒဖော်ထုတ်ပြသရာ တွင် လူနှင့် ရဟန်းသံဃာများ အပါအဝင် စုစုပေါင်းအင်အား(၅၀၀)ကျော်ခန့် သည် ဗဟန်းမြို့နယ်ရှိ နေရာ(၃)နေရာ တွင် စတင်စုဝေးကာ ကြေးသွန်းဘုရားကြီးရှေ့တွင် စုပေါင်း၍ဆန္ဒပြသခဲ့ကြခြင်းလည်း ဖြစ်ပေသည်။

ပြီးခဲ့သည့် (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲ ၏ အနိုင်အရှုံး ရလဒ်ထွက်ပေါ် လာချိန်မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အား အလိုမရှိသော၊ မြန်မာ့တပ်မတော် ကို အားပေးထောက်ခံသော ၊ မဲရလဒ်များကို လက်မခံကြသော ဆန္ဒထုတ်ဖော်ပွဲများ ကို မြို့နယ်အသီးသီး တွင် အစုလိုက် အဖွဲ့လိုက်ဖြင့်လည်းကောင်း တစ်ကိုယ်တော် အနေဖြင့်လည်းကောင်း ဆန္ဒဖော်ထုတ်ပွဲများကို ဆက်တိုက်လို ပြုလုပ်လာခဲ့သည် ကိုလည်း တွေ့မြင်နေ ခဲ့ရပါသည်။

source –Myanma Plat form

Zawgyi

၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၃၀ ရက္ေန႔တြင္ ျမန္မာ့ တပ္မေတာ္ကို ေထာက္ခံသည့္ လူမ်ား ၊ ရဟန္းသံဃာမ်ား ၅၀၀ ေက်ာ္ခန႔္သည္ ရန္ကုန္ၿမိဳ႕ရွိ ‌ေရႊတိဂုံ ေစတီေတာ္ ျမတ္ႀကီး၏ အေရွ႕မ်က္ႏွာစာ‌ ေၾကးသြန္းဘုရား‌ေရွ႕တြင္ ဆႏၵျပခဲ့ၿပီး ရပ္ကြက္ေန ျပည္သူမ်ားအား လိုက္လံ ရန္ျပဳကာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့သည္ဟု ေတြ႕ရသည္ ။

ဆႏၵျပသူမ်ားသည္ ျမန္မာ့ ျပည္တြင္းေရးအား ျပည္ပမွ ဝင္ေရာက္ စြက္ဖက္မႈကို လက္မခံပါ ၊ နိုင္ငံေတာ္ကိုကာကြယ္‌ေန‌ေသာ ျမန္မာ့တပ္မေတာ္အားေထာက္ခံပါ၏၊ျပည္ပအားကိုး ပုဆန္ရိုးမ်ား ကို ေခ်မႈန္းၾက’ စသည္မ်ားကို ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၾကၿပီး သံဃာေတာ္မ်ားက တပ္မေတာ္ေထာက္ခံေၾကာင္း၊ ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ လက္ရွိနိုင္ငံေတာ္အႀကီးအကဲမ်ား အေပၚ စင္ျမင့္ထက္မွ ေဝဖန္မႈမ်ား ေျပာဆိုခဲ့ၾကပါသည္။

ထိုသို႔ ဆႏၵျပမႈမ်ားျဖစ္ေနစဥ္ အတြင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ အလံပါ အကၤ်ီအား ဝတ္ဆင္ထားသူ အေႏွးယာဥ္(ဆိုက္ကားသမား)တစ္ဦးအား ဆႏၵျပသူမ်ားက ေဒါသတႀကီး ရိုက္ႏွက္ခဲ့ျခင္းႏွင့္၊ ေဈး‌ေရာင္းသူ လူတစ္ဦး ကို လိုက္လံရိုက္ ႏွက္ျခင္းျဖင့္ ဆႏၵျပသူမ်ား ႏွင့္ ရပ္ကြက္ေန ျပည္သူမ်ားအၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့သည္ ။‌ အဆိုပါ ဆႏၵေဖာ္ထုတ္ျပသရာ တြင္ လူႏွင့္ ရဟန္းသံဃာမ်ား အပါအဝင္ စုစုေပါင္းအင္အား(၅၀၀)ေက်ာ္ခန႔္ သည္ ဗဟန္းၿမိဳ႕နယ္ရွိ ေနရာ(၃)ေနရာ တြင္ စတင္စုေဝးကာ ေၾကးသြန္းဘုရားႀကီးေရွ႕တြင္ စုေပါင္း၍ဆႏၵျပသခဲ့ၾကျခင္းလည္း ျဖစ္ေပသည္။

ၿပီးခဲ့သည့္ (၂၀၂၀) အေထြေထြ ေရြးေကာက္ပြဲ ၏ အနိုင္အရႈံး ရလဒ္ထြက္ေပၚ လာခ်ိန္မွစ၍ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အား အလိုမရွိေသာ၊ ျမန္မာ့တပ္မေတာ္ ကို အားေပးေထာက္ခံေသာ ၊ မဲရလဒ္မ်ားကို လက္မခံၾကေသာ ဆႏၵထုတ္ေဖာ္ပြဲမ်ား ကို ၿမိဳ႕နယ္အသီးသီး တြင္ အစုလိုက္ အဖြဲ႕လိုက္ျဖင့္လည္းေကာင္း တစ္ကိုယ္ေတာ္ အေနျဖင့္လည္းေကာင္း ဆႏၵေဖာ္ထုတ္ပြဲမ်ားကို ဆက္တိုက္လို ျပဳလုပ္လာခဲ့သည္ ကိုလည္း ေတြ႕ျမင္ေန ခဲ့ရပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *