ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများ ဂေဟာမှာ သိန်း(၂၀)ဖိုး နီးပါး ကလေးများ အတွက် သွားရောက်လှူဒါန်းလိုက်တဲ့ စန္ဒီမြင့်လွင်

Posted on


တေးသံရှင် အဆိုတော် တစ်ယောက်ဖြစ်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပိုင်နိုင်တဲ့ စန္ဒီမြင့်လွင်က တော့ ယနေ့မှာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာသို့ သွားရောက်ပြီး ကလေးတွေအတွက် ငွေသားနဲ့အတူ အသုံးလိုသည့်ပစ္စည်းများကို သွားရောက်လှူဒါန်းမှုလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မင်းသမီး ခိုင်နှင်းဝေ ရဲ့ ဂေဟာမှာရှိနေကြ တဲ့ ကလေးများ အတွက် အမှန်တကယ်လိုအပ်တာတွေ ကို သူမတတ်နိုင်သမျှ သွားရောက်လှူဒါန်းကူညီပေးခဲ့တာလည်းဖြစ်ပါတယ်နော်။ ကလေးတွေ အတွက် အထွေထွေစရိတ်အနေနဲ့ အလှူငွေ(၃)သိန်းကျပ်နှင့်အတူ ကလေးသုံးပစ္စည်းများဖြစ်သည့် Plume Small Baby ပစ္စည်းများ၊ OHGIYA Cheese များ(တန်ဖိုး ၁၆ သိန်း)ကို သွားရောက်လှူဒါန်းပေးခဲ့ပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက တော့သူမရဲ့ ဂေဟာက ကလေးများအတွက် ယခုလိုလိုအပ်တာတွေ လာရောက်လှူဒါန်းပေးခဲ့ တဲ့ အဆိုတော် စန္ဒီမြင့်လွင် ကို ကျေးဇူးတင်ရှိ ကြောင်းနဲ့ လာရောက်လှူဒါန်းစဥ် မှတ်တမ်းပုံရိပ်လေးတွေ ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ‘ အလှူမှတ်တမ်း ပုံရိပ်လေးနဲ့အတူ ‘အခုလို လာရောက်လှူဒါန်းပေး တဲ့အတွက် ဒီဒီးတို့ မိသားစုတွေ ဆန္ဒနဲ့ဘဝတစ်ထပ်ထဲ ကျပါစေ.စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ဒီ ထက်မကအောင်မြင်ပါစေ’ ဟုဆိုပြီးလည်း ဒီးဒီး တို့အတွက် ဆုမွန်ကောင်းတောင်းစကားလေးလည်း ရေးထားခဲ့ပါသေးတယ်နော် ။

ပရိသတ်ကြီးအတွက် ဒီးဒီးတို့ရဲ့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *