ခေါက်ဆွဲခြောက် ကို တစ်ပတ်မှာ ၂ ထုပ်ထက်ပိုပြီး စားသုံးမိရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

Posted on

(၇) ရက်တစ်ပတ် အတွင်း ခေါက်ဆွဲခြောက် ၂ ထုပ် နှင့် ၂ ထုပ်ထက်ပိုမို ပြီး တာရှည်စားသုံးပါက နှလုံး ကျန်းမာရေး ကို ထိခိုက်စေ ကြောင်း အမေရိကန်နိုင်ငံ မှ လေ့လာသူ များ က ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

၎င်း ခေါက်ဆွဲခြောက်များ အဖြစ် ရရှိရန်အတွက် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒ၊ ထုတ်ပိုးသိုလှောင်တဲ့ အခါမှာ တာရှည်ခံစေရန် ထည့်သွင်းရောထား တဲ့ ဓာတုဗေဒ ပစ္စည်းများ ဟာ လူ တို့ စားသုံးလိုက်တဲ့ အခါ ကျန်းမာရေး အတွက် လွန်စွာထိခိုက်စေနိုင် တဲ့ အချက်ကို လေ့လာ တွေ့ရှိ ခဲ့ကြခြင်း ဖြစ်ပါတယ်။

တစ်ပတ် ကို ၁ ထုပ်လောက် စားသုံးတာ က မသိသာပေမယ့် ထိုထက် ပိုပြီး စားသုံးမိရင်တော့ ဒါဟာ ကျန်းမာရေး အတွက် မကောင်းနိုင်တော့ပါဘူး။ အထူးသ ဖြင့် အမေရိကန် မှာ ဆိုရင် ခေါက်ဆွဲခြောက် ကြောင့် အမျိုးသမီးများ က အမျိုးသားများ ထက် နှလုံးရောဂါ ဆိုင်ရာ ပိုမိုခံစားရ လွယ်နိုင်ချေ ရှိကြောင်းဆို ပါတယ်။

နှလုံးသွေး ကြောဆိုင်ရာ ရောဂါများ၊ သွေးချိုဆီးချိုရောဂါ များကိုဖြစ်ထွန်း ရန် အလွယ်တ ကူ ဖြစ်လွယ်စေပြီး ကလေးရရန်အတွက်လည်း ခက်ခဲတဲ့ အိမ်ထောင်သည် များ အနေနဲ့လည်း ရှောင်ကြဉ်သင့်ကြောင်း ကိုလည်း ထောက်ပြပေး ထားပါတယ်။

ဆိုလိုတဲ့ အကြောင်းက တော့ သူဟာ ဟိုမုန်းဓာတ် ကိုပါ အနှောင့်အယှက်ပေး လို့ ဆိုပါတယ်။ထိုသို့ ဆိုလိုက်လို့ ခေါက်ဆွဲခြောက်များ ကို မကောင်းဘူးလို့လည်း ဆိုလိုခြင်းမဟုတ်ပါ ။ ခေါက်ဆွဲခြောက်ဟာ အစားအသောက် အလွယ်တကူ နဲ့ ခပ်မြန်မြန် စားသုံးချင်သူ များအတွက်၊ စျေးသက်သာပြီး လျှင်မြန်စွာ စားချင်သူများ အတွက် ထုပ်ပိုးထုတ်လုပ် ပေးထား တဲ့ အစားအသောက် ဖြစ်ပြီး တစ်ပတ်ကိုတစ်ထုပ်လောက် စားရင်တော့ ဘာမှ မဖြစ်ပါဘူး။

တစ်ထုပ်ထက်ပိုပြီး စားသုံးမိရင်သာ ကျန်းမာရေး အတွက် ထိခိုက်နိုင် ကြောင်းကိုလည်း သေချာထောက်ပြပြောဆိုခဲ့ကြတာပါ။

credit

Leave a Reply

Your email address will not be published. Required fields are marked *