ချစ်သူ ဒေါက်တာလေး ကို ချပြလိုက်ပြီး နောက် မကြားဝံ့မနာသာ လာပြောတာတွေကို ခံနေရတဲ့ သရုပ်ဆောင် မေမီ ကိုကို

Posted on


သရုပ်ဆောင် မေမီကိုကို က သူမရဲ့ချစ်သူ ဒေါက်တာလေးကို အလင်းပြလိုက်ပြီး နောက် မိန်းကလေးချင်း မိုက်မိုက်ရိုင်းရိုင်း လာရောက်ပြောဆိုခြင်းတွေကို ခံနေရတယ်လို့ ပြောဆိုလာခဲ့ပါတယ်နော်။

သရုပ်ဆောင် မေမီကိုကို က ရုပ်သံဇာတ်လမ်း တွဲလေးတွေနဲ့ လူသိများအောင်မြင်လ ာခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ မေမီကိုကို က ယနေ့အချိန်အထိတိုင်အောင် ဇာတ်လမ်းတွဲတွေ အများအပြား ရိုက်ကူးခဲ့ရပြီး သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျ ဖန်တီးနိုင်ခဲ့ တဲ့ သရုပ်ဆောင် ကောင်းတစ်ယောက် လို့လည်း ဆိုနိုင်ပါတယ် နော်။

မေမီကိုကိုက ‘ပျားရည် အိုင်၊ တတိယ မြောက်ဆုံမှတ်၊ လိပ်ပြာနှောင် ကြိုး၊ ဂျီဟောသူ စတဲ့ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေရခဲ့တာ ဖြစ်ပါတယ် ။

မင်းသမီးချော လေး မေမီကိုကို က ‘ပလေယာ ‘ ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း ပါဝင်သရုပ်ဆောင်ရိုက်ကူး ခဲ့သေးတာလည်း ဖြစ်ပါတယ် ။ အေးဆေးစွာနေတတ်တဲ့ မေမီကိုကိုက မကြာသေးခင်ရက်ပိုင်းကပဲ သူမရဲ့ချစ်သူလေးကို အလင်းပြလိုက်တာ ဖြစ်ပါတယ်

မေမီကိုကိုရဲ့ချစ်သူလေးကတော့ ပါရဂူဘွဲ့တွေရရှိထားပြီး အမေရိကန်နိုင်ငံရှိဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးပဲ ဖြစ်ပါတယ် ။သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖွင့်ချပြလိုက် တဲ့ မေမီကိုကို တစ်ယောက်က တော့ အခုဆိုရင် ဝေဖန်မှုတွေ ကို ခံနေရတာလည်း ဖြစ်ပါတယ် ။

ဒီနေ့မှာလည်း မေမီကိုကိုက ‘ So sad နော် ပြောချင်ရင်လည်း reply ပြန်တာလေးတော့စောင့်ဦးလေ ဘာတွေ အဲ့လောက်ကြောက်နေတာလဲ အကောင့်တုနဲ့ ဘလော့ပြီး အကောင့်အစစ်နဲ့ပြန်ကြည့်မယ့်အစ်မအတွက်’ ဆိုပြီး သူမရဲ့ Chat box အထိ လာရောက်ပြောဆိုထားတဲ့လူတစ်ဦးရဲ့စာတွေကို ပြသလိုက်တာပဲ ဖြစ်ပါတယ်

။မေမီကိုကိုရဲ့အချစ်ရေးက တည်တည်ငြိမ်ငြိမ်ရှိနေပေမယ့်လည်း ဝေဖန်တိုက်ခိုက်သူတွေက သူမကို အပြင်းအထန်ပြောဆိုထားကြတာ ဖြစ်ပါတယ် ။ ဒေါက်တာချောချောလေးနဲ့ ချစ်သူဖြစ်ပြီးမှ ဝေဖန်ခံလိုက်ရကြောင်း ပြောပြလာတဲ့ မေမီကိုကိုရဲ့ စာလေးတွေကို ပုံနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

crd.

Leave a Reply

Your email address will not be published. Required fields are marked *