ငါးဖမ်းလှေ လိုက်ရန်ငြင်းဆို လို့ မိခင်ရဲ့ရိုက်နှက် နှိပ်စက်မှု ကို ခံခဲ့ရတဲ့ အသက် (၁၃) နှစ်အရွယ် ကောင်လေး ကို ကယ်တင်လိုက်တဲ့ ဂျွန်လွင်

Posted on

မိသားစုအခြေအနေဟာ ပိုပြီးကျပ်တည်းလာကြပြီး ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေး အတွက်ရုန်းကန်နေရတဲ့ အပြင် ကလေးတွေကလည်းအများကြီးမွေးထားတာမို့ အတိုင်းအတာတစ်ခု မှ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းတတ် တဲ့ မိဘတွေ လည်းရှိပါတယ်။

ယခုမှာတော့ အသက် (၁၃) နှစ်အရွယ် ကလေးတစ်ယောက် ကို မိခင်ကငါးဖမ်းလှေ လိုက်ခိုင်းပေမယ့် ကလေးက မလိုက်ချင်တာ ကြောင့် ရိုက်နှက်ခဲ့ တဲ့ ဗွီဒီယိုလေး တစ်ခုကိုကြည့်ခဲ့ပြီးတဲ့ နောက် ဂျွန်လွင် က ၎င်းကလေးကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူကူညီခဲ့ ပုံတွေကို လည်း ‘ လိုင်းပေါ်မှာငါးဖမ်းလှေကို မလိုက်ချင်လို့ အမေက ကလေးကို ရိုက်တဲ့ ဗွီဒီယို လေးကို ကြည့်ပြီးကျွန်တော်ကူညီရန် အဆက်သွယ်ရှာတဲ့အခါ ဧရာဝတီ တိုင်းဒေသကြီး ၊ လပွတ္တာမြို့နယ်၊ ကကရံ ကျေးရွာ၊ ကုလားချောင်း ရပ်ကွက်က ရွာခံဆရာမ မအိမျိုး ရဲ့ ဆက်သွယ်ပေးမှုကြောင့် ဗွီဒီယို နဲ့ အဆက်အသွယ် လုပ်ပြီး ဒီ ကလေးရဲ့ ပညာရေး ကို ထောက်ပံ့တဲ့ အနေနဲ့ တစ်လကို (၅)သောင်း ထောက်ပံ့ပေး သွားမှာပါ။

တဆက်တည်းမှာပဲ ဂျွန်လွင်က’ ဒါကြောင့်အခု ကျောင်းပိတ်နေတဲ့ ကာလအတွင်းမှာ သူ့မိဘ ကို လေးသောင်းပေးပြီး ကလေးရဲ့ ပညာသင်ရန် ကျူရှင်စရိတ်အတွက် ငွေ(၁)သောင်း ကို လောလောဆယ် ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်ဘက် က ငွေဆယ်သိန်း ကို ပထမဆုံး အနေနဲ့ မတည်ထားသော် လည်း နောက်ပိုင်းတွင် ကလေးရဲ့ လိုအပ်ချက်များ ကို ကျွန်တော်မှ ထပ်မံပြီး လှူဒါန်းသွားပါမယ်’ ဟု ရေးသားထားခဲ့တာလည်း ဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *