ငြိမ်းမြတ်သူ က ဆုရတာမဟုတ်ပါဘူး Presenter က မှားပြီး ကြေညာမိတာ လို့ ပြောလာတဲ့ ပွဲ စီစဉ်သူ စိုင်းကိုကို

Posted on


ပီးခဲ့တဲ့ ရက်ပိုင်းက ငြိမ်းမြတ်သူ ဟာ ဟားခါးကိုယ်စားပြု အလှမယ် အဖြစ် ရွေးချယ်ခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ များလာခဲ့တဲ့နောက်မှာတော့ ပွဲစီစဉ်သူက လူမှားပြီး ကြေညာခဲ့တာဖြစ်တယ်လို့ media က နေ ပြောလာခဲ့တာပါ။ ငြိမ်းမြတ်သူ က ဆုရတာ မဟုတ်ပါဘူး Presenter က မှားပြီး ကြေညာမိခဲ့တာပါ၊ တကယ် ဆုရသွားတဲ့ ကောင်မလေး က နဒီမိုး ပါ လို့ ၎င်းပွဲကိုစီစဥ်ခဲ့သည့် စိုင်းကိုကို က ပြောပါတယ်။

အစီအစဥ် တင်ဆက်သူ က မှားပြီးကြေညာခဲ့မိတာ ။ ငြိမ်းမြတ်သူ ကို Top 5(ထိပ်ဆုံးငါးယောက်)မရွေးခင်မှာ Special Award Title တစ်ဆုပေးဖို့ စီစဉ်ထားပါတယ်။ ကြေညာလိုက်တဲ့ အချိန်မှာ ဟားခါးမြို့ကိုယ်စားပြုဆိုပြီး ကြေညာလိုက်တယ်ပေါ့။ စာရွက်မှာက ငြိမ်းမြတ်သူကို ပေးမယ့်ဆုနဲ့ ဟားခါးမြို့အလှမယ်ကိုပေးမယ့်ဆု က တစ်တန်းတည်း ဖြစ်နေတော့(အောက် နဲ့ အပေါ်ဖြစ်နေ တော့) Presenter က လည်း ငြိမ်းမြတ်သူ ထင်ပြီး ကြေညာလိုက်တယ်။

တကယ်ဆုရသွား တဲ့ ကောင်မလေး က နဒီမိုး ပါ။ သူမက အဲ့ဒီညရဲ့ Winner ဖြစ်ပါတယ်။ ငြိမ်းမြတ်သူက Top 5 ငါးယောက်ထဲ မပါခဲ့ဘူး။ ငြိမ်းမြတ်သူကို ပေးမှာက စိတ်ထားအလှနဲ့ ဆိုင်တဲ့ဆုပါ စိုင်းကိုကို(ပွဲစီစဉ်သူ) က media ကို interview ဖို့ ခေါ်ပြီးပြောခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေက တော့ လူမှားကြေညာ တောင် မိန်းကလေးတစ်ယောက် ကို အရှက်ခွဲသ လိုဖြစ်လို့ ဝေဖန်နေကြပါတယ်။ ပွဲစီစဉ်သူ စိုင်းကိုကို ဟာလဲ ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကိုခံနေရပါတယ်။

crd.

Leave a Reply

Your email address will not be published. Required fields are marked *