စစ်ကိုင်းမှာ လူတွေ ဆွမ်းကျန်ဟင်းကျန် တောင်းစားနေရပြီဆို တဲ့သတင်း ရဲ့ နောက်ကွယ်က အဖြစ်မှန်

Posted on

သတင်းစာ မျက်နှာဖုံးတစ်ခု မှာ ကျွန်တော် တို့ စစ်ကိုင်းမြို့ အတွက် စိတ်ပျက်စရာ၊ စိတ်ဓါတ်ကျစရာ သတင်းတစ်ခုက ပါလာခဲ့တယ်။ ဒီသတင်းရေး လိုက် တဲ့သူ က ဘယ်လိုရည်ရွယ် ပြီး ရေးသားလိုက်သည်ကို မသိရ။ အဝေးရောက်နေကြရ တဲ့ စစ်ကိုင်း ချစ်သူတွေတောင် စိတ်သောက ရောက်ပီး မေးလိုက်ကြတာ ဒါကြောင့် သိသလောက်လေး ပြန်လည် မျှဝေလိုက်ပါတယ်။

စစ်ကိုင်းတောင် ရိုးမှာရှိ တဲ့ မြစကြာ ကျောင်းတိုက်ဆို တာ နှစ်စဉ်နှစ် တိုင်း သာသနာ့အာဇာနည် တွေ ပေါ်ထွန်းတဲ့ ကျောင်းတိုက်ကြီး ပါ လွန်ခဲ့သော (၁၀) နှစ်ကျော်လောက်က အဲဒီ ကျောင်းတိုက်ကြီး မှာ ဦးဇင်းအချို့ ကို ကွန်ပျူတာ ပညာရပ်တွေ သင်ကြားပေးခဲ့ဘူး ပါ တယ်။ စာပေမှာထူးချွန်သူတွေများပြီး စည်းကမ်းလည်းအရမ်းကိုကောင်းမွန် တော့ တစ်နှစ်ပတ်လုံး ဆွမ်းကွမ်း လှူဒါန်းတဲ့ သူများလွန်း လို့ အနည်းဆုံး ၆ လ တစ်နှစ်လောက် ကြိုပြီး ရက်ချိန်း ယူရပါတယ်။ ဒီလို ဆွမ်းဟင်းတွေ ပိုလျှံတဲ့တာ တွေကို ဟိုး အရင်ကတည်း က ပြန်ပြီးစွန့် လာတာပါ အခု ကိုဗစ် ဖြစ်တဲ့ ကာလရောက်မှ စွန့်ပေးတာ မဟုတ်ပါဘူး။

မြရတနာ ရပ်ကွက်ဆို တာ ဟိုးတုန်း က ဘယ်လို ဘာတွေလုပ်ကိုင်စားသောက်တယ် လို့ ပြောမထွက်ဘူး လူ ကို လူလိုဆက်ဆံ တဲ့ ပြည်သူ့အစိုးရခေတ် မှာ သူတို့တွေကို ခွဲခြားဆက်ဆံခဲ့ တာ မရှိခဲ့ပါဘူး။ သူတို့တွေ အတွက် လမ်းတွေ ကျောင်းတွေ ရေသန့်စက်တွေ ဒါတွေတင် လုပ်ပေးတာ မဟုတ်ဘဲ

သူတို့ဘဝ တွေ နောင်ရေး အတွက်ပါ အဆင်ပြေစေ ဖို့ သူတို့နေ နေတဲ့ မြေနေရာတွေ ကို ပိုင်ဆိုင်မှု ခိုင်မာ တဲ့ ဂရံတွေ လုပ်ပေးလာ တာ မကြာခင် ရကြတော့မှာပါ သူတို့တွေ ဟာ သိန်းရာဂဏန်းတန်တဲ့ မြေပိုင်တွေပါ စားရမဲ့ သောက်ရမဲ့တွေ မဟုတ်ပါဘူး ဒါတွေကို သေချာလေ့လာပီးမှ ရေးသင့်တာပေါ့။

အခုလိုမျိုး စစ်ကိုင်းမြို့ကြီး ကို အဆိပ်ခတ် တဲ့ သတင်းတွေ မရေးသင့်ပါဘူးဗျာ။

Mg Mg Moe Htet

Leave a Reply

Your email address will not be published. Required fields are marked *