စတာလင် ပေါင်(၁.၄)သန်း တန်ဖိုးရှိတဲ့ ရတနာသိုက်ကြီး တွေ့ရှိခဲ့ပြီး ဆုလာဘ်အဖြစ် ထောင်ဒဏ် (၅)နှစ်ကျခံခဲ့ရ

Posted on

အမေရိကန်က နာမည်ကျော် ရတနာ မုဆိုးတစ်ဦးဖြစ် တဲ့ Tommy Thompson က တော့ ပေါင်(၁.၄)သန်း တန်ဖိုးရှိတဲ့ ရေအောက်က ရတနာသိုက် ကြီး တွေ့ရှိခဲ့တယ် လို့ သတင်းကြီးခဲ့ သူတစ်ယောက် ပါ။ ထိုသို့ တွေ့ရှိခဲ့တဲ့ သူ့ ကို အမေရိကန် အာဏာပိုင်တွေ က ရတနာတွေ ကို ဝှက်ထားလို့ ဆိုပြီး ထောင်ဒဏ်(၅)နှစ် ချမှတ်လိုက်ပြီ လို့ လည်း သိရပါတယ်။ Tommy က တော့ ရတနာတွေရှိ တဲ့ နေရာကို သူ လုံးဝသတိ မရတောဘူး လို့ ဆိုပါတယ်။

ရတနာမုဆိုး Tommy ဟာ ရှေးဟောင်း ရွှေဒင်္ဂါး အပြား(၅၀၀)လောက် ကို ရရှိထားသူ လို့ သိရပြီး၊ တန်ဖိုးအားဖြင့် ပေါင်တစ်သန်းခွဲ လောက် ရှိနေပါ တယ်။ ဒီရတနာတွေ ကို သူ ဘယ်မှာ ဝှက်ထားတယ် ဆိုတာ သူကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ရင်းနီးမြှုပ်နှံသူတွေ က သူတို့ကို မလိမ့်တစ်ပတ်လုပ် ထားတယ် လို့ သိပြီးနောက် လုံးဝမကျေနပ်ဘဲ တရားစွဲဆို တော့ သူဟာ ထွက်ပြေးတိမ်းရှောင် နေရင်း ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။

အကယ်၍ Tommy အနေ နဲ့ ရတနာတွေ ဝှက်ထားတဲ့ နေရာကို ပြောမယ်ဆိုရင် ထောင်(၁၈)လ သာ ကျမှာဖြစ်ပြီး၊ သူ့အနေနဲ့ ကလည်း ထောင်ကျမှ တော့ မထူးဘူး ဆိုကာ ရတနာတွေ တွေ့ရှိခဲ့တဲ့ နေရာကို ညွှန်ပြပေး ဖို့ ငြင်းဆိုခဲ့ ဟန် တူပါတယ်။

၁၈၅၇ ခုနှစ် က တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းနဲ့ အတော်လှမ်းလှမ်း ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ S.S Central America သင်္ဘောကို Tommy က နှစ်ပေါင်းတော်တော်ကြာအောင် ထောက်လှမ်းရင်း ရှာဖွေတွေ့ ရှိခဲ့တယ်လို့ ဆို ပါတယ်။ အဆိုပါ သင်္ဘောမှာ ရတနာတွေ၊ ရွှေဒင်္ဂါးတွေ သယ်ဆောင်သွား ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ Tommy က ရတနာတွေ ထည့်ထားတဲ့ သေတ္တာကြီး ကို တွေ့ရှိခဲ့သလို၊ အထဲမှာ လည်း ရွှေဒင်္ဂါးတွေ အပြည့်ပါ တယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘော တွေ့ရှိမှု မှာ တွေ့သူကို ချီးကျူးဂုဏ်ပြုခြင်း မပြုတဲ့အပြင် စီးပွားရေးအကြပ်အတည်းဖြစ်စေခဲ့တယ် လို့ ဆိုထားပါသေးတယ်

ဘာအတွက်ကြောင့် စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့ရ သလဲဆိုရင် အဆိုပါ ရတနာသင်္ဘောကို ရှာဖွေတွေ့ရှိနိုင်ဖို့ ရင်းနီးမြှုပ်နှံသူ (၁၆၁)ယောက် က ငွေကြေး ဒေါ်လာ (၁၂.၇)သန်း အထိ စိုက်ထုတ်ထားခဲ့ရပြီး၊ တကယ်တမ်း အကျိုးအမြတ် လုံးဝမရတဲ့ အချိန်မှာ စုပေါင်းပြီး Tommy ကို တရားစွဲ ဆိုခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ တရားရုံး က တစ်ချက်လွှတ် အာဏာနဲ့ Tommy အနေ နဲ့ ရတနာတွေ ဝှက်ထားတဲ့ နေရာကို မဖြစ်မနေပြရမယ် လို့ အမိန့်ထုတ် ခဲ့ပါသေးတယ်။

ထိုအမိန့်ကို လိုက်နာမှုမရှိပဲ Tommy ဟာ ဖလော်ရီဒါ ကို ထွက်ပြေးတိမ်းရှောင်ပြီး ငယ်ချစ်နဲ့ အတူ ဟိုတယ် အခန်းငှားပြီး နေခဲ့တယ်လို့လည်း သိရပါတယ်။ သူ့ကို ၂၀၁၅ ခုနှစ် မှာ ဖမ်းမိခဲ့ပြီး၊ အမိန့်ဖီဆန်မှု၊ တရားရင်ဆိုင်ရန် ပျက်ကွက်မှု အတွက် ထောင်ဒဏ်(၂)နှစ်အပြင် ကန်ဒေါ်လာ (၂)သိန်းခွဲ ချမှတ်ခဲ့ပါတယ်။ ရတနာတွေရှိ တဲ့နေရာကို လုံးဝမပြောတာ ကြောင့် သူ့အမှု ကို အပြီးတိုင်စစ်ဆေး နိုင်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ တော့ သူဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။

Credit.

Leave a Reply

Your email address will not be published. Required fields are marked *