စအိုပေါက် မပါတာကြောင့် ဗိုက်ဖောက်ပြီး အိတ် နဲ့ နေရတဲ့ (၃)လ သားကလေး အတွက် ခွဲစိတ်ကုသ စရိတ်ကူညီလိုက် တဲ့ ခိုင်နှင်းဝေ

Posted on

စအိုပေါက် မပါတာကြောင့် ဗိုက်ဖောက်ပြီး အိတ် နဲ့ နေရတဲ့ (၃)လ သားကလေး အတွက် ခွဲစိတ်ကုသ စရိတ်ကူညီလိုက် တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေ က တော့ ပရဟိတ လုပ်ငန်းတွေ ကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေခဲ့ တာ ကို ပရိသတ်တွေ သိရှိပြီး သားဖြစ်မှာပါနော်။ ယနေ့မှာ လည်း ခိုင်နှင်းဝေက မွေးရာပါ စအိုပေါက် မပါလာ လို့ ဗိုက်ဖောက်ပြီး အိတ်နဲ့ နေနေရ တဲ့ (၃)လ အရွယ် ကလေးငယ်လေး အတွက် လိုအပ်နေ တဲ့ ဆေးကုသစရိတ် ကို လှူဒါန်းကူညီပေးခဲ့ပါ တယ်။

ကလေးငယ် လေး က တော့ လက်ရှိမှာ စအိုပေါက် ဖောက်ပြီး ဗိုက်ပြန်ပိတ် ဖို့ အတွက် ဆေးရုံတက် ကာ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက် မိဘတွေက ငွေကြေးမ တက်နိုင်တာကြောင့် ခိုင်နှင်းဝေ ထံကို အကူအညီတောင်းခံ လာခဲ့တဲ့ အတွက် သူမအနေနဲ့လည်း ဆေးကုသ စရိတ်ကို လှူဒါန်းပေးခဲ့ပြီး ယခုလှူဒါန်း တဲ့ အလှူငွေတွေ က စေတနာရှင် အလှူရှင် များ စုပေါင်းထား သော ကုသိုလ်အလှူ များ ဖြစ်တာကြောင့် ခုနှစ်ရက်သား သမီးများ ကုသိုလ်ပွားစေ ရန် သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာက နေ ပြန်လည် ဖော်ပြပေးခဲ့တာပါ။

လှူဒါန်းပေးပြီး နောက် ခိုင်နှင်းဝေ က ပြန်ခါနီး သူ့ရဲ့လက်လေး ဆွဲထားသော သားလေးနဲ့ ငိုနေသော မိခင်တို့ကို ကြည့်ပီး သူမအနေနဲ့ နောက်ထပ်ပြီးလည်း တတ်နိုင်သလောက် ကောင်းမှုတွေကို ပိုမိုပြုလုပ်နိုင် ဖို့ ကြိုးစားမိပါ သေးတယ်လို့လည်း သိရှိရပါတယ်နော်။

source:Khine HninWai

zawgyi




source:Khine HninWai

Leave a Reply

Your email address will not be published. Required fields are marked *