ဆရာဝန်မှနေ ထောင်ထွက်မှသည် ထီလက်မှတ်ရောင်းသူ၊ပူဖောင်းသည် မှ ဝန်ကြီးချုပ် ဖြစ်လာသူ

Posted on

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းတွေ ကြောင့် နိုင်ငံရေးအသိ နိုးကြားလာခဲ့တဲ့ ဒေါက်တာမြင့်နိုင် ဟာ သူလိုချင်သည့် ခေါင်းဆောင်တွေ့ပြီဆို တဲ့ ခံယူချက် နဲ့ ဆေးထိုးအပ် နဲ့ နားကြပ်ကို ပစ်ခါချပြီး နိုင်ငံရေး လောကထဲ ခြေစုံပစ်ဝင် ခဲ့တဲ့သူပါ။ (၁၉၉၀)ရွေးကောက်ပွဲ မှာ ကန့်ဘလူမြို့နယ် က ရွေးချယ်ခံခဲ့ရ တဲ့ ဒေါက်တာမြင့်နိုင်ဟာ စင်ပြိုင်အစိုးရ ဖွဲ့စည်းတယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် (၂၅) နှစ် ချမှတ်ခံခဲ့ ရပါတယ်။ ရွှေဘိုထောင်၊ စစ်ထောက်လှမ်းရေးတွေ ရဲ့ ငရဲခန်းဖြစ် တဲ့ ရေကြည်အိုင် နှင့် အင်းစိန်ထောင် တို့ မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။

ထောင်တွင်းတိုက်ပွဲ တွေဆင်ခါနွှဲ၊ ဘဝတူနိုင်ငံရေးသမားတွေ ကို ကာကွယ်ခဲ့လို့ ထပ်တိုးထောင်ဒဏ် (၅)နှစ် နဲ့ စစ်ခွေးတိုက် အပို့ခံခဲ့ ရပါတယ်။ (၁၅)နှစ် ကျော် ထောင်ဝင်စာ မရှိပဲ (၂၅) နှစ်နီးပါး ထောင်တွင်းဒဏ်ရာတွေရခဲ့ တဲ့ ဒေါက်တာမြင့်နိုင်ဟာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ထောင်မှပြန်လွတ်လာချိန်မှာတော့ အိမ်ထောင်ပြို ကွဲခဲ့ရပါတယ်။

ဒုတိယအိမ်ထောင် နဲ့ဘဝကို ထီလက်မှတ်ရောင်း ပြီး အသက်မွေးခဲ့သော် လည်း ထောင်ထွက် နိုင်ငံရေးသမားဆီ က ထီလက်မှတ် ကိုဝယ်ဖို့ စစ်ထောက်လှမ်းရေးတွေရဲ့ မျက်စိအောက် အကြောက်ပိုနေ ခဲ့ရတဲ့ ခေတ်မှာ ဆရာဝန်လက်မှတ် အသိမ်းခံထားရတဲ့ ဒေါက်တာမြင့်နိုင်ဟာ ကလေးအထူးကု ဆေးရုံရှေ့မှာ ပူဖောင်းရောင်းသူ ဖြစ်လာခဲ့ ပြန်ပါတယ်။

ထောင်တွင်းရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ကိုယ်လုံး ဖောရောင်လာပြီး နှလုံးအဆို့ရှင် ပိတ်ခဲ့လို့ ၂၀၁၄ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့ခဲ့တဲ့ ငွေကျပ်သိန်း (၇၀) နဲ့ ခွဲစိတ်ကုသခဲ့ပါတယ်။ သမိုင်းထဲမှာ နစ်မနေ ပဲ ပညာတတ်လူငယ် နိုင်ငံရေးသမားတွေ ကို မွေးထုတ်ပြီး တာဝန်တွေ ကို လွှဲပြောင်းပေးချင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Crd. Aung hein soe

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ မိန္႔ခြန္းေတြ ေၾကာင့္ နိုင္ငံေရးအသိ နိုးၾကားလာခဲ့တဲ့ ေဒါက္တာျမင့္နိုင္ ဟာ သူလိုခ်င္သည့္ ေခါင္းေဆာင္ေတြ႕ၿပီဆို တဲ့ ခံယူခ်က္ နဲ႔ ေဆးထိုးအပ္ နဲ႔ နားၾကပ္ကို ပစ္ခါခ်ၿပီး နိုင္ငံေရး ေလာကထဲ ေျခစုံပစ္ဝင္ ခဲ့တဲ့သူပါ။ (၁၉၉၀)ေရြးေကာက္ပြဲ မွာ ကန္႔ဘလူၿမိဳ႕နယ္ က ေရြးခ်ယ္ခံခဲ့ရ တဲ့ ေဒါက္တာျမင့္နိုင္ဟာ စင္ၿပိဳင္အစိုးရ ဖြဲ႕စည္းတယ္ဆို တဲ့ စြပ္စြဲခ်က္နဲ႔ ေထာင္ဒဏ္ (၂၅) ႏွစ္ ခ်မွတ္ခံခဲ့ ရပါတယ္။ ေရႊဘိုေထာင္၊ စစ္ေထာက္လွမ္းေရးေတြ ရဲ့ ငရဲခန္းျဖစ္ တဲ့ ေရၾကည္အိုင္ ႏွင့္ အင္းစိန္ေထာင္ တို႔ မွာ ေျပာင္းေရြ႕ေနထိုင္ခဲ့ရပါတယ္။

ေထာင္တြင္းတိုက္ပြဲ ေတြဆင္ခါႏႊဲ၊ ဘဝတူနိုင္ငံေရးသမားေတြ ကို ကာကြယ္ခဲ့လို႔ ထပ္တိုးေထာင္ဒဏ္ (၅)ႏွစ္ နဲ႔ စစ္ေခြးတိုက္ အပို႔ခံခဲ့ ရပါတယ္။ (၁၅)ႏွစ္ ေက်ာ္ ေထာင္ဝင္စာ မရွိပဲ (၂၅) ႏွစ္နီးပါး ေထာင္တြင္းဒဏ္ရာေတြရခဲ့ တဲ့ ေဒါက္တာျမင့္နိုင္ဟာ ၂၀၀၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ေထာင္မွျပန္လြတ္လာခ်ိန္မွာေတာ့ အိမ္ေထာင္ၿပိဳ ကြဲခဲ့ရပါတယ္။

ဒုတိယအိမ္ေထာင္ နဲ႔ဘဝကို ထီလက္မွတ္ေရာင္း ၿပီး အသက္ေမြးခဲ့ေသာ္ လည္း ေထာင္ထြက္ နိုင္ငံေရးသမားဆီ က ထီလက္မွတ္ ကိုဝယ္ဖို႔ စစ္ေထာက္လွမ္းေရးေတြရဲ့ မ်က္စိေအာက္ အေၾကာက္ပိုေန ခဲ့ရတဲ့ ေခတ္မွာ ဆရာဝန္လက္မွတ္ အသိမ္းခံထားရတဲ့ ေဒါက္တာျမင့္နိုင္ဟာ ကေလးအထူးကု ေဆး႐ုံေရွ႕မွာ ပူေဖာင္းေရာင္းသူ ျဖစ္လာခဲ့ ျပန္ပါတယ္။

ေထာင္တြင္းရခဲ့တဲ့ ဒဏ္ရာေတြနဲ႔ တစ္ကိုယ္လုံး ေဖာေရာင္လာၿပီး ႏွလုံးအဆို႔ရွင္ ပိတ္ခဲ့လို႔ ၂၀၁၄ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ပံ့ခဲ့တဲ့ ေငြက်ပ္သိန္း (၇၀) နဲ႔ ခြဲစိတ္ကုသခဲ့ပါတယ္။ သမိုင္းထဲမွာ နစ္မေန ပဲ ပညာတတ္လူငယ္ နိုင္ငံေရးသမားေတြ ကို ေမြးထုတ္ၿပီး တာဝန္ေတြ ကို လႊဲေျပာင္းေပးခ်င္ေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

Crd. Aung hein soe

Leave a Reply

Your email address will not be published. Required fields are marked *