ဆေးလာကုသူတစ်ဦးက ကြက်သီးထစရာကောင်းအောင် အလှူလေးတစ်ခုလုပ်ခဲ့ ကြောင်း ကြည်နူးပီတိဖြစ်စွာ ပြောပြခဲ့တဲ့ ‘ထူးခန့်ကျော်

Posted on


သရုပ်ဆောင် ထူးခန့်ကျော် က တော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားတဲ့ သဘာဝမင်းသားကြီးလို့ အမည်တွင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အနုပညာ အလုပ်တွေ ကို ဆယ်စုနီးပါးထိ လုပ်ကိုင်လာခဲ့ပြီး သဘာဝကျကျ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ ကြောင့် ပရိသတ်တွေ က ချစ်စနိုးနဲ့ သဘာဝမင်းသားကြီး လို့ ခေါ်တတ်ကြတာလည်း တွေ့ရပါတယ်။

ယခုလက်ရှိ အချိန်မှဆိုရင် အနုပညာအလုပ်တွေ အပြင် အရိုးအကြော ဝေဒနာ ခံစားနေရ တဲ့ လူတွေကို မြန်မာ့ရိုးရာ ဆေးပညာနဲ့ အခမဲ့ ကုသပေး နေတာလည်း ဖြစ်ပါတယ်နော်။ သူ့ရဲ့ မြန်မာ့ဆေးပညာနှင့်ဆေးကုသမှု သည် သိသိသာသာ အမှန်တကယ် ပျောက်ကင်းတာ ကြောင့် လာရောက်ကုသတဲ့ သူတွေများလွန်းတာလည်း ဖြစ်ပါတယ်။

ယခုမှာ တော့ ထူးခန့်ကျော်ဆီ ဆေးလာကုသတဲ့ လူနာရှင် တစ်ဦးက ကြက်သီးထစရာ ကောင်းလောက် တဲ့ မွန်မြတ်အလှူလေး ပြုလုပ်ခဲ့တာ ကို ပရိသတ်တွေအတွက် သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပေးလာတာလည်း ဖြစ်ပါတယ်နော်

ထူးခန့်ကျော်က ‘ သာဓုအကြိမ်ကြိမ် ခေါ်လိုက်ရပါတယ်သမီးလေးမကြည်ကြည်သိန်းရေ ပထမတစ်ကြိမ်မိမိရဲ့ချွေးနဲစာလေးတွေနဲ့ ဘုရားတည်ဖို့အလှူငွေ၅၀၀၀၀(ငါးသောင်းကျပ်)လာလှူရင်းနောက်ထပ် သဒ္ဓါစိတ်ပေါက် ကာ မိမိနားမှာ အမြတ်တနိုး ဝတ်ထားတဲ့ နားကပ်ပါ ချွတ်လှူလိုက် ပြန်သောကြောင့် သမီးလေးရဲ့သဒ္ဓါစိတ်ကို မြင်လိုက်ရသော ကျွန်တော်အဖို့ ကြက်သီးထလောက်အောင် ဝမ်းသာပီတိဖြစ်စွာ ဖြင့် သာဓုအကြိမ်ကြိမ်ခေါ်ဆို လိုက်ရပေသည်။

ထပ်မံပြီးတော့ လည်း မိမိလှူယုံတင် အားမရ၍ နိဗ္ဗာန်ဆော်ပြုလုပ် ကာ ကိုအောင်ကောင်းမြတ်ဦး နှင့်ဇနီး မသဉ္ဇာစိုး၊ သမီးမခြူးမြတ်နန္နာ မိသားစု ကလည်း အလှူငွေ (၅၀၀၀၀.ငါးသောင်းကျပ်) နှင့် နားကပ်တစ်ရံ အား ထပ်မံလာ ရောက်ကာလှူဒါန်းမှု ပြုလုပ်ပေးသွားပြန်ပါသောကြောင့် သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေ သည်။

ယခုလို လှူဒါန်းမှု့ပြုလုပ်ပေးသွားသော ဘုရားဒကာမလေး မကြည်ကြည်သိန်း မိသားစုနှင့် ဘုရားဒကာလေး ကိုအောင်ကောင်းမြတ်ဦး မိသားစုအားလုံးတို့ နှင့် (၇) ရက်သားသမီး များအားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာဖြင့် လိုတိုင်းတရရှိကြစေပြီး ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်’ ဟု လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

source. HtooKhantKyaw

Leave a Reply

Your email address will not be published. Required fields are marked *