ဇေကမ္ဘာပြတိုက် အား သူ့ရဲ့မွေးနေ့မှာ ဖွင့်လှစ်မည် ဟု အသိပေးလိုက် တဲ့ ဦးဇေသီဟ

Posted on


သရုပ်ဆောင် မင်းသမီ အကယ်ဒမီ နန္ဒာလှိုင်ရဲ့ အမျိုးသား ဦးဇေသီဟ က တော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာ နဲ့ မိသားစုကိုအချိန်ပေးပြီးဂရုစိုက်သလို စီးပွားရေးကို လည်း ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်ပါတယ် ။

လက်ရှိအချိန်မှာတော့ ဦးဇေသီဟ က မကြာခင် ဖွင့်လှစ်တော့မည့် ဇေကမ္ဘာ ပြတိုက်ကို ကိုယ်တိုင်သေချာကြီးကြပ် ပြင်ဆင်နေတာ လည်းဖြစ်ပါတယ် ဦးဇေသီဟ က ‘ဇေကမ္ဘာ ပြတိုက် ကို ဖေဖေါ်ဝါရီ ၁ရက်နေ့ ကျွန်တော့်မွေးနေ့ မှာ ဖွင့်ပါမယ်. အများပြည်သူကြည့်ရှု့လေ့လာနိုင်ရန် အတွက် အချိန်နေ့ရက် ကာလတစ်ခု အထိ အခမဲ့သတ်မှတ်ထားပါတယ်

ကိုဗစ် ၁၉ ကာလအတွင်း သတ်မှတ်ချက်များ အရအများပြည်သူ ဝင်ရောက်လေ့လာ ခွင့်ရရှိတဲ့ အခါမှာ ရောဂါထိန်းချုပ်ရေး အတွက် ကြိုတင်စာရင်းပေး စနစ်ဖြင့် နေ့စဥ် လူဦးရေ ကန့်သတ်ချက်နဲ့ ဖွင့်လှစ်သွားဖို့ ရှိပါတယ်

ပြတိုက်ဖွင့်လှစ်ရ တဲ့ ရည်ရွယ်ချက်တွေထဲ က တစ်ခုဖြစ် တဲ့ အစိုးရစာသင်ကျောင်း နဲ့ ပရဟိတ စာသင်ကျောင်းများ မှ ကျောင်းသားများ နဲ့ ရဟန်းသံဃာ များ အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါ တယ်။

ကြိုတင်စာရင်း သွင်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ကို မကြာခင် ကြေငြာပါ့ မယ် ‘ပြတိုက် ဝင်ကြေး ပြတိုက်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကုန်ကျစရိတ်က အသစ်တွေထက် ပိုကြီးသလို ဝန်ထမ်းအများအပြားနဲ့ နည်းပညာမြင့် လုံခြုံရေးအစီအမံများ ထားရှိပါတယ်။

ပညာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသားများ ကို ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း အပါအဝင် ရှေးဟောင်းသု တေသန ဖွံ့ဖြိုးတိုးတက် ရန် ရည်ရွယ်ထား ပါတယ်။

မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် (၅)ထောင် ကျပ် နှုန်း နှင့် နိုင်ငံခြားသား များ တစ်ဦးလျှင် (USD 10) ကောက်ခံဖို့ သတ်မှတ်ထားပါ တယ်။တနင်္လာနေ့ မှ အပ ကျန်ရက်များ တွင် မနက်(၉း၃၀) မှ ညနေ(၅) နာရီအထိ နေ့စဥ်ဖွင့်လှစ်သွား ဖို့ စီစဥ်ထားပါ တယ်’ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှာ အသိပေး ရေးသားမျှဝေထားပါတယ်နော်။

source:ZayThiha

Leave a Reply

Your email address will not be published. Required fields are marked *