တကယ့်ချစ်သူစုံတွဲအလား အထင်မှားသွားစေလောက်အောင် ရိုလွန်းနေတဲ့ ပို့စ်တွေနဲ့ နန်းဆုရတီစိုး

Posted on


သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ အသစ်ထွက်တဲ့ နန်းဆုရဲ့ ‘ မင်းအနားမှ’ သီချင်းဗွီဒီယို ဟာ အွန်လိုင်းပေါ် တင်ပြီးတစ်ရက် အတွင်းတွင် ကြည့်ရှုသူပေါင်း တစ်သန်းအထိ ရှိခဲ့ပြီး အရမ်းကိုရေပန်းစား အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

၎င်း MV ရိုက်ကူးနေစဥ်မှာ မင်းသားက တွန်းချတဲ့အခန်း မှာ ဖိနပ်ပျက် ပြီး အရမ်းနာသွား ခဲ့ပေမယ့် အိုက်တင်ကို တော့ တစ်ချက်မလျော့ ဘဲ အကောင်းဆုံးကြိုးစားခဲ့ တယ်လို့လည်း ဆိုထားပါတယ်။

ယနေ့မှာတော့ မင်းအနားမှာ MV ထဲ က သရုပ်ဆောင် မင်းသားနဲ့အတူ ရိုက်ကွင်းပေါ်က ရှုတင်ပုံရိပ်တစ်ချို့ဟာ တကယ့်ချစ်သူစုံတွဲ အစစ်တွေလို့ ထင်ရလောက်အောင် အသက်ဝင်ပီပြင် လွန်းနေခဲ့ ပါ တယ်။ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းဗွီဒီယိုထဲ က ပုံရိပ်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်အမျိုးမျိုး ပေးခဲ့ပေမယ့် လည်း နန်းဆုက တော့ အားလုံးကို ရယ်ရယ်မောမောနဲ့ ပဲ ပြန်လည်စနောက် ခဲ့ပါတယ်။

ယနေ့အချိန်ထိ အောင်မြင်မှုတွေ ရနေတာက လည်း ယခုလိုစိတ်ထား လေး ထားတတ်တာကြောင့် နဲ့ အလုပ်အပေါ် မှာ အလုပ်နဲ့တူအောင် အကောင်းဆုံး ကြိုးစားလုပ်နိုင်တာတွေကြောင့်လည်း ဖြစ်ပါတယ်နော်။

ရှေ့ဆက်ပြီးလည်း သီချင်းအသစ်တွေ ထပ်မံထွက်ရှိလာဦးမှာ မို့ နန်းဆု ကို ချစ်တဲ့ပရိသတ်ကြီး အနေနဲ့ စောင့်မျှော်အားပေးကြပါဦးနော်။

source: Nansu Yati Soe

Leave a Reply

Your email address will not be published. Required fields are marked *