တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိ တဲ့ လက်စွပ်နဲ့ ခင်ပွန်းလောင်းက လက်ထပ်ခွင့်တောင်းခဲ့ ကြောင်း ပြောပြလာတဲ့ အေးချမ်းမိုး

Posted on

ပရိတ်သတ်ကြီးရေ ချစ်စရာကောင်း ပြီး တည်ငြိမ်တဲ့ အလှပိုင်ရှင် လေး တစ်ဦးဖြစ် သူ အလှမယ် အေးချမ်းမိုးက တော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီးသား အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါလိမ့်မယ်နော်။

တစ်ချိန်က မြဝတီရုပ်သံ ကနေ ထုတ်လွှင့်ခဲ့ တဲ့ ပဟေဠိ နန်းတော် အစီအစဥ် ကနေတစ်ဆင့် နာမည်ရလာပြီး Miss ပြိုင်ပွဲတွေမှာ ပါဝင်ပြိုင်ရင်းကနေ ပရိတ်သတ်တွေ ရဲ့ ရင်ထဲမှာ နေရာပေးခြင်းရခဲ့ တဲ့ အေးချမ်းမိုး ဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေ ကို လည်း သွားရောက်ယှဉ်ပြိုင်ခဲ့ သူ တစ်ဦးဖြစ်ပါတယ်။

အေးချမ်းမိုး ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူမရဲ့ ချစ်သူက ချစ်သူသက်တမ်း ရက်(၃၀၀)ပြည့်အထိန်းအမှတ်အနေနဲ့ လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးဟာ သူမရဲ့ ချစ်သူနဲ့ ရက်(၃၀၀)ပြည့် အထိမ်းအမှတ် အဖြစ် ဆိုင်ကြီးတစ်ဆိုင် မှာ ညစာစား ဖို့ ချိန်းထားရင်း ကနေ ယခုလို လက်ထပ်ခွင့် တောင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ယခု အင်တာဗျူးလေးမှာ တော့ အေးချမ်းမိုး က သူမရဲ့ချစ်သူ က လက်ထပ်ခွင့်တောင်းခံရာ မှာ ကမ္ဘာမှာ တစ်ခုတည်းသော လက်စွပ်အဖြစ် သူကိုယ်တိုင် ဒီဇိုင်းဆွဲထား တဲ့ လက်စွပ်လေး နဲ့ လက်ထပ်ခွင့် တောင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အများသူတွေနဲ့ မတူအောင်လို့ အေးချမ်းမိုးရဲ့ ချစ်သူကတော့ သူကိုယ်တိုင် ဒီဇိုင်းဆွဲထား တဲ့ လက်စွပ်လေးကို သူရဲ့သူငယ်ချင်း ပန်းတိမ်ဆရာဆီမှာ သေချာ customize လုပ်၊ အပ်နှံပေးခဲ့တဲ့ အတွက် အတိုင်းမသိ ဝမ်းသာတယ် လို့ အေးချမ်းမိုး က ပြောခဲ့ပါတယ်။

၎င်း လက်စွပ်လေး ဟာ စိန်ကို ရွှေကွပ်ကာ အပေါ်က နေ ရွှေဖြူရောင် ပြန်ပြောင်းထား တဲ့ အရောင်ရှိပြီး ရွှေထည်၊ စိန်ထည်တွေ အကြောင်းကို ခင်ပွန်းလောင်းက နားမလည်တဲ့ အတွက် ယောက္မမလောင်းကိုယ်တိုင်က လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ပေးခဲ့ရတာဖြစ်တယ်လို့ အေးချမ်းမိုးက ဆိုပါတယ်။

အေးချမ်းမိုး ရဲ့ ယောက္ခမလောင်း ဟာ သူမကို အရမ်း ကို အရေးတယူ ရှိလှပြီး ယခင်တည်း က သားတော်မောင် မျက်နှာမ ကောင်းရင်တောင် ‘သားချစ်သူနဲ့ အဆင်ပြေလား” လို့ မေးမြန်းတတ် ပြီး သူမကို လေးလေးစားစား ဆက်ဆံပေးဖို့ အမြဲဆိုဆုံးမလေ့ရှိတယ် လို့ သိရပါတယ်။

အေးချမ်းမိုး တို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ ဂရုတစိုက် ရှိလှပြီး ချစ်သူသက်တမ်း တစ်လျှောက် မနက်မိုးလင်း လို့ မျက်စိနှစ်လုံး ပွင့်တာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နေ့စဥ်ဖုန်းပြောခဲ့ကြတာ တစ်ရက်မှ မပျက်ခဲ့ဘူးလို့ လည်း အေးချမ်းမိုး က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *