တိကျတဲ့ အဖြေမရှိသေးတဲ့ ပုဂံ ဒေသ က လူအရောက် နည်းပြီး QR ကုတ် ပုံသဏ္ဍန်ရှိနေ တဲ့ ထူးခြားနေရာလေးတစ်ခု

Posted on

ပုဂံဒေသ က လူသူ အရောက်နည်း တဲ့ နေရာ တစ်ခု ရေကန် လိုလို ကျောက်တုံး ကြီး တစ်ခု ကို ထွင်းထားတာ တစ်ဖက် မှာ တော့ ပုဂံခေ တ်က အုတ်တွေ လို ပဲ ရှေ့ဟောင်း အုတ်တွေ တွေ့ရတယ်။

၎င်း ကျောက်တုံးကြီး မှာ ထူးဆန်းနေတာ က ဒီကျောက်တုံး ပေါ်မှာဘယ်သူ ထွင်းထု ခဲ့တာလဲ မသိ တဲ့ QR Code ပုံစံ လိုလို အလယ် မှာတော့ နာဇီ တံဆိပ်ပုံ နဲ့ လည်း ဆင်တူ သလိုလို ဘယ်သူတွေ က ဒါကို လုပ်ထားလဲ ဆိုတာတော့ မသိဘူးကြပါဘူး ။

ထွင်းထု လုပ်ထား တာ က တော့ သေသေ သပ်သပ် ပဲ။ တချို့နေရာလေး တွေတော့ ပျက်စီးနေပြီ ဝင်္ကဘာလမ်းကြောင်းပုံစံနဲ့ တူနေတယ် ဒီဘက်ခေတ်မှ ဒါကို ထွင်းထားတာ မဟုတ်တာ က တော့ သေချာလောက် တယ် ဘယ်သူက မှ အကြောင်း တစ်ခုခု မရှိပဲနဲ့တော့ အရောက်နည်းတဲ့ ဒီတောင်ပေါ်ကို တက်ပြီး လုပ်ထားခဲ့ကြမှာ တော့ မဟုတ်ဘူး

ဒီကျောက်တုံးမှာ ရှိနေခဲ့တဲ့ အရာတွေက Alien တွေ လုပ်ခဲ့တာလား အရင် ဒီ နေရာက ဘာကြီးလဲ ? ဓမ္မရံကြီး ဘုရားတောင် Egypt က ပိရစ်မစ် တွေ နဲ့ ပုံစံတူ လို့ အလောင်းစည်သူ မင်း စီးခဲ့တဲ့ ဖောင် စကြာယာဉ် က UFO လို့ ပြောတာ တွေ ရှိခဲ့ဖူးတယ် ဆိုတော့ နာဆာ အဖွဲ့အစည်း ထံမှ လျိုဝှက်စွာ ပေါက်ကြား လာတဲ့ ဓါတ်ပုံ များ ထဲ မှာ ဓမ္မံရံကြီး ဘုရားဓါတ်ပုံပါဝင်တယ် ဆိုတာ တော့ ဟုတ်တယ် ပုဂံ ဘုရားတွေ ပေါ်မှာ UFO ပျံဝဲတယ် ဘာတယ် ဆိုတာကတော့ ယုံတမ်းစကား သဖွယ် အတိအကျ သေချာမသိကြပါဘူး

ထို့ အပြင် Egypt မှာ တွေ့ခဲ့တဲ့ ရှေ့ဟောင်းရုပ်ထု လေး လဲ အောက်ဆုံးမှာပြထားတယ် လက်ရှိအချိန် ကျနော်တို့ တွေ အခု သုံးနေတဲ့ QR Code ဆိုတာ က အဲ့ ရုပ်ထုက ပုံစံကို လိုက်အတု ယူထားတာလို့ ဖတ်ဖူးပါတယ်

အခုတွေ့ရတဲ့ ဟာက ဘာမှန်း တော့ မသိဘူး စိတ် ဝင်စားစရာ တော့ကောင်းတယ် ဒီနေရာကို ကျွန် တော်သိတာကတော့ ကြာနေပြီ တချို့လူတွေလဲ ဒီနေရာကို သွားတယ် ဓာတ်ပုံရိုက် ကျတယ်။ လူသိတော့ နည်းတယ်။

ဒီနေရာ က တုရင် တောင် ဘုရားကြီး ရဲ့ တောင်ဘက်မှာ ရှိပါ တယ် Google က နေလဲ နေရာကို ပြထားပါ တယ်နော်။ ပုဂံရောက် လို့ စိတ်ဝင်စားရင် တော့ သွားကြည့်ပါ ဆိုင်ကယ်နဲ့ ဆိုပို အဆင်ပြေတယ်။

source : Hla Than Aung

Leave a Reply

Your email address will not be published. Required fields are marked *