ထိုင်းနိုင်ငံတွင် လက် ၄ ချောင်း၊ ခြေ ၄ ချောင်းပါသည့် ထူးဆန်းသော ကလေးငယ်တစ် ဦး မွေးဖွားခဲ့

Posted on

ထိုင်းနိုင်ငံ၊ နခွန်းဖနုန်ခရိုင် ထာ့အူထဲန်းမြို့နယ် ရှိ ဝါထားနီး ဆို သူ အသက် ၂၂ နှစ် ရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီး ၁ ဦးဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ဒုတိယမြောက်ရင်သွေး ကို နခွန်းဖနုန်ခရိုင် ဆေးရုံမှာ မွေးဖွားခဲ့ ပါတယ်။

ကလေးငယ်ဟာ ကိုယ်အလေးချိန် ၂၉၉၀ ဂရမ်ရှိ သမီးမိန်းကလေး ဖြစ်ပြီး ကျန်းမာလျက်ရှိနေပါတယ်။သို့သော်လည်း ၎င်း ကလေးငယ်သည် ဘယ်ဘက်လက် ၂ ဘက်၊ ညာဘက် လက် ၂ ဘက် နဲ့ ဘယ်ခြေ ၂ ချောင်း၊ ညာခြေ ၂ ချောင်း ပါလာ ခဲ့ တယ်လို့ ဆိုပါတယ်။

နှလုံးကတော့ တစ်ခုတည်း ပါပြီး အူမကြီး ဟာ အရေပြား အောက် အပြင်ဘက် ကို ရောက်နေ တယ်လို့ တာဝန်ကျ ဆရာဝန်တွေ က ပြောဆိုပါတယ်။

သူမ ရဲ့ ကိုယ်ဝန် ကို မြို့နယ်ဆေးရုံမှာ အပ်ခဲ့ပြီး သန္ဓေသား ဟာ ပုံမှန်မဟုတ်ကြောင်း ဆရာဝန်တွေက ပြောခဲ့ပေမယ့်။ အခုလို ခြေလက်တွေ အပိုပါလာ မယ် မထင်မိခဲ့ကြောင်းကိုလည်း ကာယကံရှင် ဖြစ်တဲ့ ကလေး မိခင် က သတင်းထောက်တွေ ကို ပြောကြား ပါတယ်။

၎င်း ကိုယ်ဝန်သည် အမျိုးသမီး ဟာ အရင်က အမွှာပူးလေး ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် မိခင်မှာ ကိုယ်ဝန်အဆိပ်သင့် ခဲ့ဖူးပြီး ကလေးမွေး တော့ တယောက်မှာ ဦးခေါင်း နဲ့ ကိုယ်လုံးတွေမရှိဘဲ ခြေ နဲ့လက်သာ ပါခဲ့တာ လို့ ဆေးရုံ က ပြောပါတယ်။

ကလေးကို မိခင်ဖြစ်သူက ဖာဝိဒါလို့ နာမည်ပေးထားပြီး လက်ရှိ နခွန်ဖနုန်ဆေးရုံကနေ ပိုပြီး ဆေးဝါးကရိယာ ပြည့်စုံတဲ့ ခွန်ကဲန် ဆရီနတ်ခလင်း ဆေးရုံ ကို လွှဲပြောင်းပို့ဆောင်းထားခဲ့ကာ နခွန်ဖ နုန်ခရိုင်ဝန် ကလည်း ဆေး ဖိုးဝါးခ တွေ ကူညီခဲ့တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။

ခရက်ဒစ်.

zawgyi

ထိုင္းနိုင္ငံ၊ နခြန္းဖႏုန္ခရိုင္ ထာ့အူထဲန္းၿမိဳ႕နယ္ ရွိ ဝါထားနီး ဆို သူ အသက္ ၂၂ ႏွစ္ ရြယ္ ထိုင္းနိုင္ငံသူ အမ်ိဳးသမီး ၁ ဦးဟာ လြန္ခဲ့တဲ့ ဒီဇင္ဘာ ၁၆ ရက္ေန႔က ဒုတိယေျမာက္ရင္ေသြး ကို နခြန္းဖႏုန္ခရိုင္ ေဆး႐ုံမွာ ေမြးဖြားခဲ့ ပါတယ္။

ကေလးငယ္ဟာ ကိုယ္အေလးခ်ိန္ ၂၉၉၀ ဂရမ္ရွိ သမီးမိန္းကေလး ျဖစ္ၿပီး က်န္းမာလ်က္ရွိေနပါတယ္။သို႔ေသာ္လည္း ၎ ကေလးငယ္သည္ ဘယ္ဘက္လက္ ၂ ဘက္၊ ညာဘက္ လက္ ၂ ဘက္ နဲ႔ ဘယ္ေၿခ ၂ ေခ်ာင္း၊ ညာေၿခ ၂ ေခ်ာင္း ပါလာ ခဲ့ တယ္လို႔ ဆိုပါတယ္။

ႏွလုံးကေတာ့ တစ္ခုတည္း ပါၿပီး အူမႀကီး ဟာ အေရျပား ေအာက္ အျပင္ဘက္ ကို ေရာက္ေန တယ္လို႔ တာဝန္က် ဆရာဝန္ေတြ က ေျပာဆိုပါတယ္။

သူမ ရဲ့ ကိုယ္ဝန္ ကို ၿမိဳ႕နယ္ေဆး႐ုံမွာ အပ္ခဲ့ၿပီး သေႏၶသား ဟာ ပုံမွန္မဟုတ္ေၾကာင္း ဆရာဝန္ေတြက ေျပာခဲ့ေပမယ့္။ အခုလို ေျခလက္ေတြ အပိုပါလာ မယ္ မထင္မိခဲ့ေၾကာင္းကိုလည္း ကာယကံရွင္ ျဖစ္တဲ့ ကေလး မိခင္ က သတင္းေထာက္ေတြ ကို ေျပာၾကား ပါတယ္။

၎ ကိုယ္ဝန္သည္ အမ်ိဳးသမီး ဟာ အရင္က အမႊာပူးေလး ျဖစ္နိုင္ေၾကာင္း၊ ဒါေပမယ့္ မိခင္မွာ ကိုယ္ဝန္အဆိပ္သင့္ ခဲ့ဖူးၿပီး ကေလးေမြး ေတာ့ တေယာက္မွာ ဦးေခါင္း နဲ႔ ကိုယ္လုံးေတြမရွိဘဲ ေၿခ နဲ႔လက္သာ ပါခဲ့တာ လို႔ ေဆး႐ုံ က ေျပာပါတယ္။

ကေလးကို မိခင္ျဖစ္သူက ဖာဝိဒါလို႔ နာမည္ေပးထားၿပီး လက္ရွိ နခြန္ဖႏုန္ေဆး႐ုံကေန ပိုၿပီး ေဆးဝါးကရိယာ ျပည့္စုံတဲ့ ခြန္ကဲန္ ဆရီနတ္ခလင္း ေဆး႐ုံ ကို လႊဲေျပာင္းပို႔ေဆာင္းထားခဲ့ကာ နခြန္ဖ ႏုန္ခရိုင္ဝန္ ကလည္း ေဆး ဖိုးဝါးခ ေတြ ကူညီခဲ့တယ္ လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *