နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တဲ့ မင်းသားချော စွမ်းဇာနည်

Posted on

ပရိတ်သတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ် တဲ့ မင်းသားချောလေး စွမ်းဇာနည် ကတော့ တည်ကြည်ခန့်ညား တဲ့ ရုပ်ရည် နဲ့ ဖော်ရွေတဲ့ အပြုံးပိုင်ရှင်လည်း ဖြစ်ပါတယ်။ စွမ်းဇာနည် ဟာ တစ်ချိန် က ဗွီဒီယို ဇာတ်ကားပေါင်းများစွာ ကို ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ ရိုက်ကူးရေးတွေကိုရပ်နားပြီး ဇာတ်မင်းသား တစ်ယောက်အနေနဲ့ ရပ်တည်နေလာ ခဲ့တာဖြစ်ပါတယ်။

စွမ်းဇာနည်က တော့ ကျန်းမာရေး အခြေအနေ ကြောင့် အနုပညာအလုပ်တွေ ကို ခဏတာ ရပ်နားထားခဲ့ ရပြီး ယခုဆိုရင်မြန်မာ့ဇာတ်သဘင် အနုပညာဖျော်ဖြေပွဲတွေကို ပြန်လည်ကျင်းပနိုင် အောင် ကြိုးစားလုပ်ကိုင် နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ တော့ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ အလှူငွေ(၇)သိန်း သွားရောက်လှူဒါန်းခဲ့ ပါတယ်။

သူရဲ့ အလှူအကြောင်းကိုတော့ ‘မင်းသား စွမ်းဇာနည် ၏မြတ်ကောင်းမှု၊ ယနေ့ မင်းသားစွမ်းဇာနည် ၊ စွမ်းသဘင် မိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မီးသဂြိုလ်ခအယောက်(၁၀၀)စာ နှင့် ကဒ်ခေါင်း (၅၄)ခု စာ အလှူငွေ (၇)သိန်းကျပ် အား သဒ္ဒါတရား ထက်သန်စွာ ဖြင့် လှူဒါန်းသည့် အတွက် ဤ ဂုဏ်ပြုလွာကိုဝမ်းမြောက်စွ ာဖြင့် သာဓုခေါ်ဆို ချီးမြှင့်အပ်ပါသည်။

စွမ်းဇာနည် ကိုယ်စား အဆိုတော် ရုပ်ရှင်မင်းသား နာကူ(ရန်ကုန်)စံပြ ပရဟိတ အနုပညာရှင် ဇွဲလရောင်( မခင်လေး)မှ လှူဒါန်းပေး ခဲ့ပါသည်။သာဓု သာဓု သာဓု ပါဗျာ’ ဆို ပြီးရေးသား ကာ ဦးကျော်သူက အလှူပုံရိပ်တွေနဲ့ အတူ မျှဝေပေးလာခဲ့တာလည်း ဖြစ်ပါတယ်နော်။

source:kyaw thu

Leave a Reply

Your email address will not be published. Required fields are marked *