နိုင်ငံတော်တွင် အာဏာသိမ်းသည့် အခြေအနေမျိုးကို မလိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တာဝန်ရှိသူ အချို့ပြောကြား

Posted on


မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေ ချိန် တွင် တပ်မတော် က အာဏာသိမ်းသည့် အခြေအနေမျိုးအား မလိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တာဝန်ရှိသူအချို့ က ပြောကြားလိုက်သည် ။ တပ်မတော် သတင်းစာရှင်း လင်းပွဲတွင် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောဆိုခဲ့မှု ၊ ၂၀၀၈ အခြေခံ ဥပဒေကို မလေးစား မလိုက်နာပါက အခြေခံ ဥပဒေ ကို ဖျက်ပစ်ရမည် ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့မှုတို့နှင့် ပတ်သက်ပြီးမေးမြန်းခဲ့စဥ်အထက်ပါ အတိုင်းတုံ့ပြန် ပြောကြားခဲ့ ခြင်း ဖြစ်သည် ။

တန်းတူ အခွင့်အရေး မရှိသည့် ဒီမိုကရေစီမကျသည့်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲ နိုင်ရေးအတွက် ဖျက်သိမ်းပါက အကောင်း ဆုံး ဖြစ်သော်လည်း စစ်အာဏာသိမ်းရန် ရည်ရွယ်ပြီး ဖျက်သိမ်းမည်ဆိုပါက စဥ်းစားပုံချင်း မတူကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)မှ ပြောရေးဆိုခွင့်ရှိ သူ ဖဒိုမန်းမန်းက ပြောကြားခဲ့ သည်။ ၎င်းတို့ အနေဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းလိုသော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောဆိုသည့် နောက်ခံ ရည်ရွယ် ချက်မှာ တူချင်မှ တူမည်ဟု၎င်းကဆက်လက် ပြောခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲစည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်လာရေး ရေးဆွဲရန် ဆိုသည့် အခြေခံအပေါ်မူတည်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပါက ကြိုဆိုကြောင်း ၎င်းကပြောခဲ့သည်။ ထို့သို့ပုံစံမျိုး မဟုတ်ဘဲ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပယ်ဖျက်ပြီး မှ စစ်အာဏာသိမ်းတယ်ဆို တဲ့ စစ်အာဏာရှင် စနစ်အောက်ကိုပဲ တိုင်းပြည်ကပြန်ရောက်သွားမယ် ဆို တဲ့ ပုံစံမျိုးကို တော့ ကျွန်တော်တော့ လုံးဝမလိုလားဘူး လို့ ပဲ ပြောရမှာ ဖြစ်တယ်။

အာဏာသိမ်းသည့် အခြေအနေမျိုးကို တွန်းပို့လာပါက လည်း တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူများ၊ အနိုင်ရပါတီ နှင့်အခြားပါတီများ နိုင်ငံရေးအရ ပူးပေါင်းခုခံရမည် ဟု လည်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီရော နောက်အခြား တိုင်းရင်းသား ပါတီတွေ ရော၊ ပူးပေါင်းပြီး မှ စစ်အာဏာရှင် လက်ထဲကို ပြန်မရောက်ရေး ဝိုင်းဝန်းပူးပေါင်းပြီး ခုခံသွားရမှ ာပဲ ဖြစ်ပါတယ်ဟု ပဒိုမန်းမန်း ကပြော ကြားသည်။

နောက်ထပ်၍ လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကလည်း တပ်မတော် အနေဖြင့် ၎င်းတို့မဲစာရင်းကိစ္စများ ဆောင်ရွက်နေသည့် အပေါ်အစိုးရဘက်က တစ်စုံတစ်ရာ အသိအမှတ် ပြု ဖြေရှင်းခြင်းကို လိုလား၍ ယခုကဲ့သို့ ပြောဆိုနေသည် ဟု နားလည်ကြောင်းမှတ် ချက်ပြုပြောကြားခဲ့သည်။ ခုလိုပြောဆိုမှုတွေ အပေါ်မှာက တော့ ဒီနေ့အချိန်မှာ ငြိမ်းချမ်းရေး ဖြစ်စဥ်မှာရော၊ ပြည်ထောင်စု တည်ဆောက် ရေးမှာ ရော ပြည်သူလူထု ရဲ့ ပူးပေါင်း ပါဝင်မှုတွေ လည်း အားကောင်းတဲ့ အချိန်ဖြစ်ကြောင်း။

ကျွန်တော်တို့ အမြင်ကတော့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် စိတ်လိုလက်ရ ပြောတာမျိုးတော့ ဖြစ်ကောင်း ဖြစ်မယ်။ သို့သော် လည်း ဒီလိုအခြေ အနေမျိုးတွေ ဖြစ်သွားမယ်လို့ မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ သွားနေတဲ့ တိုင်းပြည်က အရှိန်နဲ့ အဟုန်နဲ့ ဖက်ဒရယ် တည်ဆောက် ရေးကိုသွားနေတဲ့ အချိန်မှာ ဒီဟာမျိုးတော့ ဖြစ်လာ လိမ့်မယ်လို့ မမျှော်လင့်ပါဘူး ‘ ဟု ခွန်မြင့်ထွန်း က ပြောကြားခဲ့ သည်။

တပ်မတော် အနေဖြင့် အာဏာသိမ်းမှု ကို ဖန်တီးပါ က အင်မတန်ဆိုးသည့် သမိုင်းတရားခံ ဖြစ်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပြောရေးဆိုခွင့် ရှိ သူ ဦးစိုင်းလိတ်က ပြေ ကြားထားခဲ့သည်။

ပြည်ထောင်စု၏ ဖြစ်တည်မှုကို ထိခိုက်စေရုံသာမက ပြည်ထောင်စု စိတ်ဓာတ်ကိုပါ အဆုံးစွန်ထိ ပျက်သွား စေနိုင်ကြောင်း သုံးသပ် ထားသည် ။

source:7DayNews

Leave a Reply

Your email address will not be published. Required fields are marked *