နိုင်ငံတော် သမ္မတ နှင့် UECဥက္ကဋ္ဌ စာချွန်တော် အမှုအား ယနေ့ စီရင်ချက် မချခဲ့

Posted on

နိုင္ငံေတာ္ သမၼတ နဲ႔ UEC ဥကၠ႒ စာခၽြန္ေတာ္ အမႈ ဒီေန႔ စီရင္ ခ်က္မခ်

နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး တွင် ယနေ့ ဇန်နဝါရီ လ(၂၉)ရက် နေ့ အတွက် ရာဇဝတ်ဆိုင်ရာ အမှုတွေ၊ တရားမ ဆိုင် ရာ အမှုတွေနဲ့ စာချွန်တော်ဆိုင်ရာ အမှုများအား စီရင်ချက် ချမှတ်တာ မရှိဘူး လို့ ပြည်ထောင်စု လွှတ်တော်ချုပ်ရုံး ရဲ့ ဝက်ဆိုက် စာမျက်နှာ တွင် ကြေညာ ထားပါတယ် ။

နိုင်ငံတော်သမ္မတ အပါအဝင်(၄)ဦး နဲ့ UEC ဥက္ကဋ္ဌ အပါအဝင် (၁၅) ဦးတို့ ကို Video conferencing နဲ့ အမှုကြားနာဖို့ ပြည်ထောင်စု တရားလွှတ် တော်ချုပ် ရုံးက အခုလအစောပိုင်းက ကြိုတင် သတိပေး အမှုခေါ်ခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် (၄)ဦး ကို မန္တလေးက အမျိုးသားရေး ရှေ့နေ ဦးဇော်ဝိတ် က စာချွန်တော် လျှောက်ထားခဲ့ပြီး

ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင်(၁၅)ဦး ကို တော့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင် နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ က စာချွန်တော် လျှောက်ထားခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတော် သမ္မတ နဲ့ UEC ဥက္ကဋ္ဌ တို့ ကို အမှု ကြားနာမည့် ယနေ့မှာ ပဲ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တွေက နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံး အနီးမှာ လှည့်လည်အင်အားပြ နေခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားတယ်လို့ လည်း သိရပါတယ် ။

ယနေ့ ဇန်နဝါရီ (၂၉)ရက်နေ့မှ ာတော့ စီရင်ချက် မချဘူး လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး က ကြေညာခဲ့ပေ မယ့် ၎င်းအမှုကို ဆက်လက် စစ်ဆေးမည့် ရက်ကို အတိအကျ ကြေညာထားခြင်း မတွေ့ရှိရသေးပါဘူး။

Zawgyi

ေနျပည္ေတာ္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္႐ုံး တြင္ ယေန႔ ဇန္နဝါရီ လ(၂၉)ရက္ ေန႔ အတြက္ ရာဇဝတ္ဆိုင္ရာ အမႈေတြ၊ တရားမ ဆိုင္ ရာ အမႈေတြနဲ႔ စာခၽြန္ေတာ္ဆိုင္ရာ အမႈမ်ားအား စီရင္ခ်က္ ခ်မွတ္တာ မရွိဘူး လို႔ ျပည္ေထာင္စု လႊတ္ေတာ္ခ်ဳပ္႐ုံး ရဲ့ ဝက္ဆိုက္ စာမ်က္ႏွာ တြင္ ေၾကညာ ထားပါတယ္ ။

နိုင္ငံေတာ္သမၼတ အပါအဝင္(၄)ဦး နဲ႔ UEC ဥကၠ႒ အပါအဝင္ (၁၅) ဦးတို႔ ကို Video conferencing နဲ႔ အမႈၾကားနာဖို႔ ျပည္ေထာင္စု တရားလႊတ္ ေတာ္ခ်ဳပ္ ႐ုံးက အခုလအေစာပိုင္းက ႀကိဳတင္ သတိေပး အမႈေခၚခဲ့တာ ျဖစ္ပါတယ္ ။ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အပါအဝင္ (၄)ဦး ကို မႏၲေလးက အမ်ိဳးသားေရး ေရွ႕ေန ဦးေဇာ္ဝိတ္ က စာခၽြန္ေတာ္ ေလၽွာက္ထားခဲ့ၿပီး

ျပည္ေထာင္စု ေရြးေကာက္ ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း အပါအဝင္(၁၅)ဦး ကို ေတာ့ အမ်ိဳးသားနိုင္ငံေရး ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးစိုးေမာင္ နဲ႔ ျပည္ခိုင္ၿဖိဳးပါတီတို႔ က စာခၽြန္ေတာ္ ေလၽွာက္ထားခဲ့တာ ျဖစ္ပါတယ္ ။ နိုင္ငံေတာ္ သမၼတ နဲ႔ UEC ဥကၠ႒ တို႔ ကို အမႈ ၾကားနာမည့္ ယေန႔မွာ ပဲ ျပည္ခိုင္ၿဖိဳးပါတီ ဝန္းရံသူ ေတြက ေနျပည္ေတာ္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ ႐ုံး အနီးမွာ လွည့္လည္အင္အားၿပ ေနခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က လုံျခဳံေရး တင္းၾကပ္ထားတယ္လို႔ လည္း သိရပါတယ္ ။

ယေန႔ ဇန္နဝါရီ (၂၉)ရက္ေန႔မွ ာေတာ့ စီရင္ခ်က္ မခ်ဘူး လို႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံး က ေၾကညာခဲ့ေပ မယ့္ ၎အမႈကို ဆက္လက္ စစ္ေဆးမည့္ ရက္ကို အတိအက် ေၾကညာထားျခင္း မေတြ႕ရွိရေသးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *