နေဆန်းတို့ ဇနီးမောင်နှံ က သိန်းချီတန် ကျောက်စိမ်း လက်စွပ်တွေ ကို ပရိတ်သတ် အတွက် မဲဖောက်ပေးမည်(တကယ့်အဖိုးတန်ရတနာ တွေ)

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နေဆန်းဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။နေဆန်းက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေ ဆဲဖြစ်ပြီး ငယ်ငယ်တုန်းက အတိုင်း နုပျိုခန့်ညားနေ ဆဲဖြစ်ပါတယ်နော်။ နေဆန်းက သားတစ်ယောက်၊ သမီးတစ်ယောက် ကို ပိုင်ဆိုင်ထား တဲ့ ဖခင်ဖြစ်ပြီး ပျော်ရွှင် အေးချမ်းတဲ့ မိသားစုဘဝလေး ကို တည်ဆောက်ထားနိုင် တာလည်း ဖြစ်ပါတယ်။

နေဆန်း တို့ ဇနီးမောင်နှံ နှစ်ဦးလုံး က စီးပွားရေးဆို လည်း အတွဲညီညီ လုပ်ဆောင်နေကြပြီး လက်ရှိမှာလည်း ‘နယူးချစ်တီး’ ထမင်းဆိုင်လေး ကို ဖွင့်ထားကြတာဖြစ်ပါတယ်။ နေဆန်းတို့ ရဲ့ထမင်းဆိုင် က လည်း ရောင်းကောင်းပြီး စားသုံးသူတွေ များပြားပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်လာကာ နာမည်ရနေတာလည်း ဖြစ်ပါတယ်နော်။

ယခုဆို ရင်တော့ နေဆန်းတို့ဇနီးမောင်နှံ က သူတို့ရဲ့ နယူးချစ်တီး ထမင်းဆိုင်မှာ အားပေး စားသုံးကြတဲ့သူ တွေ ကို ကျေးဇူးတုံ့ပြန် တဲ့ အနေ နဲ့ ကြိုးစားပြီးတော့ ရှာဖွေ စုဆောင်းထားခဲ့ တဲ့ ကျောက်စိမ်းတွေထဲ သိန်းချီတန်တဲ့ လက်စွပ်‌(၅)ကွင်းကို ညနေ (၄)နာရီ မှာ မဲဖောက်ပေးခဲ့တာလည်း ဖြစ်ပါတယ်နော်။

သူတို့ မိသားစုက တော့ ယခုလိုမျိုး သဒ္ဒါတရား ထက်သန်ပြီး အလှူအတန်း ရက်ရောစွာလှူဒါန်းတတ်လို့ စီးပွားဥစ္စာတွေ ဒီရေအလား တိုးတက်ပြီး ပိုအောင်မြင်နေဦးမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နေဆန်းတို့ ရဲ့ ‘နယူးချစ်တီး’ Facebook page မှာ ဝင်ရောက် ကံစမ်း ထားတယ် ဆိုရင် ကြည့်လိုက်ကြပါဦးနော်။

source: နယူးချစ်တီး

zawgyi




source: နယူးချစ်တီး

Leave a Reply

Your email address will not be published. Required fields are marked *