နေပြည်တော်သို့ မလွှဲသာလို့ သွားခဲ့ရတာကြောင့် ကိုဗစ် စစ်ဆေးခဲ့ရပြီး ဆေးစစ် ချက်အဖြေ ကို သိလိုက်တဲ့ ‘ခန့်စည်သူ’

Posted on

နေပြည်တော်သို့ မလွှဲသာလို့ သွားခဲ့ရတာကြောင့် ကိုဗစ် စစ်ဆေးခဲ့ရပြီး ဆေးစစ် ချက်အဖြေ ကို သိလိုက်တဲ့ ‘ခန့်စည်သူ’

ရုပ်ရှင် သရုပ်ဆောင် လောကထဲမှာ နှစ်ပေါင်းများစွာ အောင်မြင်စွာ ရပ်တည်နေပြီး လက်ရှိအချိန်ထိ ပရိတ်သတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိထားတဲ့ ဝါရင့်သရုပ် ဆောင် မင်းသားကြီး ခန့်စည်သူ ကိုတော့ အထူး မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူးနော်။

ခန့်စည်သူ ကတော့ ပျော်ပျော်နေတတ်သူ တစ်ယောက် ဖြစ်ပြီး ဟာသကား အတော်များများတွင် ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ခန့်စည်သူ ဟာ အေးဆေးနေတတ်တဲ့ သူဖြစ်ကာ အခုထိတိုင် လူပျိုကြီးဘဝနဲ့ နေထိုင်နေ တာပါနော်။

အနုပညာလောက မှာလည်း ခန့်စည်သူဟာ နှစ်ပေါင်း အတော်ကြာ ရပ်တည်နေနိုင် တဲ့ ဝါရင့် အနုပညာရှင်ကြီး တစ်ယောက်လည်းဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုကြီး ကိုလည်း ရရှိထားတာပါ။ ခန့်စည်သူ က အလှူအတန်း ဘက်မှာ လည်း ရက်ရက်ရောရော လှူဒါန်းတတ်တဲ့ သူဖြစ်ပြီး အလှူဒါနနဲ့ ပတ်သက်ပြီး သူရဲ့ လုပ်ဆောင်ချက်များကို အများက ချီးကျူးဂုဏ်ပြုကြတဲ့ မင်းသားချောကြီး တစ်ယောက် ဆိုရင်လည်း မမှားပါဘူးနော်။

ယခုဆိုရင် ခန့်စည်သူ ဟာ နေပြည်တော်ကို ရိုက်ကူးရေး ကိစ္စကြောင့် သွားရောက်ရတာ ဖြစ်တဲ့အတွက် Covid စစ်ဆေးမှု ပြုလုပ်ခဲ့ရကြောင်းကို ခန့်စည်သူရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ‘ တော်ပါသေးရဲ့ Negative ဖြစ်လို့ ၊ နေပြည်တော်မှ မိတ်ဆွေများတစ်ခုခု ဖိတ်ကျွေးချင်တယ်ဆိုရင် လုံးဝလာမခေါ်ပါနဲ့နော်..ကိုယ့်ဖာသာကိုယ် လာခဲ့မယ်’ ဆိုပြီး ရေးသား ထားခဲ့ပါတယ်နော်။

source:Khant Si Thu

Zawgyi






source:Khant Si Thu

Leave a Reply

Your email address will not be published. Required fields are marked *