နှင်းဆီပန်းတွေ နဲ့ အပြိုင် လိုက်ဖက်ပြီး လှပကျော့ရှင်း နေ တဲ့ ဖြူဖြူကျော်သိန်း

Posted on

သီချင်းဆိုရာမှာ အသံပါဝါ ကောင်းကောင်း နဲ့ ထူးခြားတဲ့ အသံပိုင်ရှင် တစ်ယောက် ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ပရိသတ် အချစ်တော် တစ်ယောက်ဖြစ်သလို အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်း က သီချင်းတွေ ကို အမိုက်စား ပုံစံများ ဖြင့် ဖန်တီးနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ယခုဆိုရင် သူမဟာ ပွဲတွေတက်လိုက် သီချင်းတွေ ဖန်တီးလိုက် နဲ့ ဘဝ ကို တစ်ကိုယ်တည်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

ဖြူဖြူ က တော့ ရင့်ကျက်ပြီး တည်ငြိမ်ရုံ သာမက စကားပြော ဆိုရမှာလည်း ပညာသား ပါပြီး Confidence ရှိတဲ့ အမူရာတွေ ကြောင့် ပရိသတ်တွေ က လေးစားအားကျပြီး အချစ်ပို နေကြတာပဲ ဖြစ်ပါတယ်။

သူမ ဟာ သီချင်းတွေ သီဆိုရာမှာလည်း အများနဲ့ မတူ တမူထူးခြားတဲ့ အသံနဲ့ သီဆိုနိုင် ပြီး အယ်လ်ဘမ် များစွာ ထွက်ရှိခဲ့ တာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းများ မှာ ပရိသတ် အကြိုက် နဲ့ ထပ်တူကျတာ ကြောင့် အယ်လ်ဘမ်တိုင်း လိုလို ပရိတ်သတ်ကြားမှာ ရေပန်းစား အောင်မြင်မှုရရှိနေ တာပဲဖြစ်ပါတယ်။

သူမက တော့ တေးသီချင်း တွေသာ မ က သူမရဲ့ အမိုက်စား ပွဲတက် ဖက်ရှင်များမှာ လည်း အများ ရဲ့ အာရုံကိုဖမ်းစားနိုင်စွမ်း ရှိတဲ့အတွက်လည်း သူမဟာ အားလုံး ရဲ့ အလယ်မှာ ထင်းရှားပြီး တောက်ပနေ တာပဲဖြစ်ပါတယ်။

ယခုမှာ လည်း ဖြူဖြူ က ပန်းတွေ ရဲ့ အလယ်မှာ အမိုက်စား ဖန်ရှင်ကြီး နဲ့ အပြတ်လန်း နေတာကို သူမရဲ့ လူမှုကွန်ယက် ပေါ် မှာ ‘အဖြူရောင် အကြင်နာ ငါ့အိပ်မက်များ ဒီနှလုံးသား ရဲ့တံခါး နင်တစ်ယောက်ပဲ ဖွင့်နိုင်တာ ‘ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာ ပဲဖြစ်ပါတယ်။ ဖြူဖြူ တစ်ယောက် အနီရောင် အမိုက်စား ဂါဝန် ဖက်ရှင်လေး နဲ့ မိမိုက်လွန်းစွာ လှပနေ ပဲဖြစ်ပါတယ်။

ဖြူဖြူရဲ့ အမိုက်စားဖက်ရှင်လေးနဲ့ ပန်းတွေနဲ့ အပြိုင်လှပနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

sources: Phyu Phyu Kyaw Thein

zawgyi









Leave a Reply

Your email address will not be published. Required fields are marked *