နှစ်သစ်ကူး ညတွင် ဖျော်ဖြေရန်အတွက် အငြိမ့်တိုက်နေ တဲ့ ခင်လှိုင် တို့အဖွဲ့ ဗီဒီယိုလေး

Posted on

ဟာသလူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ် တဲ့ ခင်လှိုင်က တော့ ယနေ့ အချိန်ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး
ဒါရိုက်တာ တစ်ယောက်အနေနဲ့လည်း ရိုက်ကူးရေးတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်နော်။

အနုပညာ အလုပ်တွေ ကို တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကြိုးစားလုပ်ကိုင်နေ တဲ့ သရုပ်ဆောင် ခင်လှိုင်က တော့နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင် အလုပ်တွေ ကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ခင်လှိုင်ဟာ ဟာသ ဘက်တွင် သာမက ဒရမ်မာ ရုပ်ဇာတ်တွေ ကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် စွယ်စုံ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုလည်းပဲ လာမယ် ၂၀၂၀ နှစ်ကုန် New Year ညတွင် အငြိမ့်ဖျော်ဖြေခွင့်ရလို့ ပရိတ်သတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေရန် အငြိမ့်တိုက်နေ တဲ့ ဗီဒီယိုလေးနဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက်အကောင့်မှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ် ။ပရိတ်သတ်ကြီးအတွက် ခင်လှိုင်တို့အဖွဲ့ ဘယ်လိုကြိုးစား ပြီး ပြင်ဆင်နေလည်းဆိုတာကို ဗွီဒီယိုလေးထဲမှာ ကြည့်လိုက်ကြပါဦးနော်။

source:Khin Hlaing

Leave a Reply

Your email address will not be published. Required fields are marked *