နှစ်သစ်ကူး တွင် အင်ယားကန်ဘောင် ဖွင့်လှစ်ပေးမည်မဟုတ် လုံခြုံချထားပြီး ပိတ်ထားမည်ဟု သိရ

Posted on

ဒီဇင်ဘာလ ပွဲတော်ကာလ များဖြစ်သည့် ခရစ္စမတ် နှင့် နှစ်သစ်ကူးကာလ Stay at Home စည်းကမ်းများ ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမည်ဖြစ်ပြီး အင်းယားကန်ဘောင်ကိုလည်း ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

‘ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလတွေမှာ Stay at Home ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်မှာပါ။ နှစ်သစ်ကို ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ဖို့ဆောင်ရွက်မှာပါ’ ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ လူမှုကွန်ရက်တွက် ပြောကြားထားသည်ကို သိရပါသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ည နှစ်သစ်ကူးည တွင် အင်းယားကန်ဘောင်အား ဖွင့်လှစ်ပေးရန် အစီအစဥ် ရှိမရှိနှင့်လည်း ပတ်သက်၍ ‘မဖွင့်ပါဘူး၊ တင်းကြပ်မှာပါ’ဟု ပြန်လည် ပြောကြားထားတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ အင်းယားကန်ဘောင် တွင် အများပြည်သူ အပန်းဖြေနိုင်မည့်နေရာ သုံးနေရာ ရှိပြီး ပြည်လမ်း ဘက်ခြမ်းတွင် တနေရာ၊ ကမ္ဘာအေးလမ်း ဘက်ခြမ်းတွင် နှစ်နေရာ အဖြစ် ရှိနေပါ တယ်။ နှစ်သစ် ကူးညတွင် အင်းယားကန်ဘောင်အား လုံခြုံရေးဆောင်ရွက်ထား ရှိနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်စည်ပင် ပန်းဥယျာဉ် နှင့် အားကစားကွင်း များဌာန၊ ဌာနမှူး ဦးကိုကိုလင်း က ပြောပါတယ်။

‘စည်ပင်က ဒီဘက်ကို အင်အား ၅၀ ဟိုဘက်ကို လည်း အင်အား ၅၀ တိုးတယ်၊ လုံစည်းက လည်း ၁၀ ယောက်စီ ထပ်တိုးတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးကို တင်ပြထားတာ ကတော့ ထွေအုပ်ရယ်၊ နယ်မြေခံ ရဲတပ်ဖွဲ့ ရယ်၊ မီးသတ်တပ်ဖွဲ့ရော ပူးပေါင်းဆောင်ရွက်ပေး ဖို့ တင်ပြထား တယ်။ အဲဒီမှာ ကြပ်မတ်မယ်။ စည်းကမ်းထိန်းသိမ်းမယ်။ မလိုလား အပ် တဲ့ ပြဿနာ မဖြစ်အောင် ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတိပြုနိုင် အောင် နှိုးဆော်သွား ဖို့ ဆောင်ရွက်ထား ပါတယ်’ ဟု ၎င်းက ပြောပါတယ်။

crd.

Leave a Reply

Your email address will not be published. Required fields are marked *