ပညာရေး တက္ကသိုလ်တက်မည့် ကျောင်းသား/သူတွေ ကို ပြေတီဦး ဖောင်ဒေးရှင်း မှ ထောက်ပံ့ပေးမယ့် အကြောင်း သတင်းကောင်းပါးလိုက် တဲ့ အူဝဲ

Posted on


ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံ ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ပါတယ်နော်။ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက် က အနုပညာအလုပ်တွေ ကို အတူလုပ်နေကြရင်း နှစ်ယောက်တစ်ဘဝလေး ကိုတည်ဆောက် ထားခဲ့ကြတာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့အူဝဲတို့ မှာ သားတစ်ယောက်၊သမီးတစ်ယောက်လည်းထွန်းကား ရရှိထားပြီး တည်ငြိမ်အေးချမ်း တဲ့မိသားစုဘဝလေး ကို တည်ဆောက်ထားနိုင် တာလည်း ဖြစ်ပါတယ်နော်။

ပြေတီဦး နဲ့ အူဝဲတို့ ဇနီးမောင်နှံက ‘ပြေတီဦး ဖောင်ဒေးရှင်း’ ကို လည်း တည်ထောင်ထား ပြီး ကျောင်းသားတွေ ကို ပညာသင် စရိတ်ထောက်ပံ့ပေးနေကြတာပါနော် ။ ယခုဆိုရင် ပြေတီဦး ဖောင်ဒေးရှင်းဟာ ရပ်တည်လာခဲ့တာ နှစ်များစွာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အခုလည်းပဲ ပြေတီဦးဖောင်ဒေးရှင်း မှ(၂၀၂၀ – ၂၀၂၁) ပညာသင်နှစ် အတွက် ကျောင်းသား၊ကျောင်းသူများ ကို ပညာသင်ကြားစရိတ် ထောက်ပံ့ပေး ဖို့ အတွက် သတင်းစကားပါး လိုက်တာဖြစ်ပါ တယ်နော်။

အူဝဲက တော့ ‘ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက နေ ဖောင်ဒေးရှင်းစတင်တည်ထောင်သည့် အချိန်မှ စပြီး ပညာသင် စရိတ်အမှန်တကယ် လိုအပ်နေသူ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ဥပဒေကျောင်းသား/ သူများကို နှစ်စဥ်ပညာသင် စရိတ်ထောက်ပံ့ ပေးနေခဲ့ပြီး ယခု(၂၀၂၀ – ၂၀၂၁) ပညာသင်နှစ် အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် ဥပဒေ ကျောင်းသား/ သူများအပြင် ထပ်တိုးအနေ ဖြင့်

ပညာရေး တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ (၂)ဦး ကို ထပ်တိုး ထောက်ပံ့ပေးမည် ဖြစ်သည့်အတွက် ပညာသင်စရိတ် လျှောက်ထားလိုသူ များ အောက်ပါပုံ မှ အချက်အလက်များ ကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်းသတင်းကောင်းလေး ပါးလိုက်ပါ တယ်’ ဆို သူမရဲ့ လူမှုကွန်ယက် ပေါ်တွင် ရေးသားမျှဝေလာခဲ့ တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *