ပရဟိတ ငွေ(၃၅)သိန်း ခိုးယူသွားသူ ကို ဖမ်းဆီးပေးထားတဲ့ ဒလမြို့ရဲစခန်းမှ နယ်ထိန်းကို ကျေးဇူးစကားပြောလိုက်တဲ့ ဒိန်းဒေါင်

Posted on


ဟာသလူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ် တဲ့ ဒိန်းဒေါင်က တော့ လက်ရှိအချိန် မှာ အနုပညာ အလုပ်တွေ အပြင် ပရဟိတ အလုပ်တွေ ကိုလည်းတွဲဖက်လုပ်ကိုင်နေ လျက်ရှိပါတယ်။ သူကတော့ ချွန်တွန်းပရဟိတ အဖွဲ့လေး ကို တည်ထောင်ပြီး အမှန်တကယ် လိုအပ်တဲ့ နေရာတွေ နဲ့ မှီခိုမဲ့ ဘိုးဘွားတွေ အတွက် ကိုယ်တိုင်သွားရောက် လှူဒါန်းပေးနေ တာ ကိုတွေ့ရပါ တယ်။

ဒိန်းဒေါင်က တော့ စိတ်သဘော ထားဖြူစင်ပြီး အနုပညာရှင် ညီအစ်ကို မောင်နှမတွေ နဲ့ ပရိသတ်တွေ အပေါ်မှာလည်း ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်သူ တစ်ယောက်ပါ။

ဒါ့အပြင် မိဘကို လည်း ပြုစုလုပ်ကျွေးနေ တဲ့ သားလိမ္မာလေး တစ်ယောက်လည်း ဖြစ်သလို အလှူအတန်းဆို လည်း ရှေ့ဆုံးကနေ ပါဝင်ဆောင်ရွက် တတ်ပါတယ်။

ယနေ့မှာ တော့ သူရဲ့ ပရတိတ ငွေတွေကို လိမ်ပြီး ခိုးသွားတဲ့သူ ကို ဖမ်းပေးတဲ့ ဒလမြို့မ ရဲစခန်းမှ နယ်ထိန်းရဲ အား ကျေးဇူးတင် ကြောင်း လူမှုကွန်ယက် စာမျက်နှာ ပေါ်ကနေ ‘ မိပါပြီ ဒလမြို့မ ရဲစခန်းမှ နယ်ထိန်း ကိုရန်အောင်အား ကျေးဇူးအထူး တင်ပါသည် ‘ လို့ ရေးသားဖော် ပြထားတာ လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *