ပရိသတ်တွေ မသိသေးတဲ့ ငယ်စဥ်က ကာယအလှမယ် ပြိုင်ခဲ့တဲ့ ပုံရိပ်တွေ ကို ထုတ်ပြလိုက် တဲ့ ‘နီနီခင်ဇော်’

Posted on


အနုပညာ ဂီတလမ်းကြောင်းပေါ် မှာ အောင်မြင်မှုတွေ နဲ့ လျှောက်လှမ်းနေ တဲ့ နီနီခင်ဇော် က တော့ ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုတွေ ကို အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။

နီနီခင်ဇော် က ယခုအချိန်မှာလည်း အနုပညာအလုပ်တွေ ကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေပြီး တက်သစ်စ အဆိုတော် ပေါက်စလေးတွေ ကို လည်း လက်တွဲခေါ်ယူတာဖြစ်ပါ တယ်။ နီနီခင်ဇော် ရဲ့ ထွက်ခဲ့တဲ့ သီချင်းတိုင်းကတော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြ လို့ အရမ်းပေါက်နေတာပဲ ဖြစ်ပါတယ်နော်။

နီနီခင်ဇော် က ဆရာဝန် တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ် ကို ဝါသနာပါတာ ကြောင့် လမ်းကြောင်းတစ်ခုတည်းကိုပဲ ရွေးချယ်လုပ်ကိုင်ခဲ့တာ လည်းဖြစ်ပါတယ်။နီနီခင်ဇော် က မြန်မာဆန်တဲ့ အလှအပတွေကို လည်းပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်နော်။

နီနီခင်ဇော် ကတော့ ပြည့်စုံလှပ တဲ့ ခန္ဓာကိုယ်အလှကို လည်း အထက်တန်းကျောင်းသူ ဘဝကတည်း က ပိုင်ဆိုင်နိုင်ခဲ့ပြီး ကာယအလှမယ်ဆု‌ ကိုလည်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ နီနီခင်ဇော် က ‘ ၂၀၀၅-၂၀၀၆ ခုနှစ် က ပရိသတ် တွေ မမြင်ဖူးသေး တဲ့ အထက်တန်းကျောင်းသူ ဘဝအမှတ်တရ ပုံလေးတွေ ပါ …ကျောင်းသူဘဝထဲက အားကစားလုပ်ဖို့ မေမေကတိုက်တွန်းပေးခဲ့ပါတယ်။

ရေကူး ကိုယ်ကာယ အလှတွေဆော့ ခဲ့ရ တယ် ၂၀၀၇ ဆယ်တန်းပြီး မှ Melody World အဆို ပြိုင်ပွဲစပြိုင် ဖြစ်တာပါ ( ပြိုင်ပွဲတွေ ပြိုင် ဖူးသမျှ ရဖူးခဲ့တဲ့အမှတ်တရဆုတွေ ထဲမှာမှ တစ်ချိန်တစ်ခါက ကာယအလှမယ်ဆို တဲ့ ပြိုင်ပွဲလေးတွေ လည်း အများကြီး ပြိုင်ခဲ့ဖူးလေ ရဲ့) အခုတော့ သီချင်းအသစ် တွေ အသံသွင်းနေတယ် ကျန်တာ မသိတော့ဘူး ‘ ဆိုပြီး သူမရဲ့ အမှတ်တရ ပုံရိပ်လေးတွေ ကို မျှဝေတင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးအတွက် နီနီခင်ဇော် ရဲ့ အမှတ်တရ ပုံရိပ်လေးတွေ ကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။

source : ni ni khin zaw

Leave a Reply

Your email address will not be published. Required fields are marked *