ပါရာစီတမောနဲ့ ကော်ဖီ လုံးဝတွဲ မသောက်သင့်ပါ

Posted on


ခုတစ်ခါ အကြောင်းအရာက တော့ ပါရာစီတမော Paracetamol သောက်ဆေးအကြောင်းပဲ ဖြစ်ပါတယ် ။ မသိသေးသူများ ဖတ်ကြည့်ပါ။ သိပြီးရင်လည်း မသိသေး တဲ့ သူတွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါနော်။ paracetamol ကို ဆရာဝန် ညွှန်ကြားမှုမရှိ ပဲ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်သောက်နေကြသူများ ဒုနဲ့ဒေးပါပဲ ။ နေထိုင်မကောင်း လို့ သောက်ကြတယ် ၊ ခေါင်းမူးခေါင်းနောက်လို့ သောက်တယ် ၊ ကိုယ်လက်ကိုက်ခဲလို့ သောက်တယ် စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အလွယ်တကူ သောက်သုံးနေကြတာပါ။

၎င်း paracetamol ဆေးဟာ တကယ်တော့ အဆိပ်တက်စေ တဲ့ ဆေးဝါးဖြစ်ပါတယ် ။ နောက်ပြီးတော ကမ္ဘာကျော် နာကျင်ပျောက်ဆေးတစ်မျိူး ပါ ။ ပါရာစီတမောကို သည်းခြေမှ အစာခြေရည်များက ဖြိုဖျက်လိုက်တဲ့ အခါမှာ သေစေတဲ့ အဆိပ် အင်ဇိုင်းများကို ထွက်ပေါ်စေပါတယ်။ ထွက်လာတဲ့အဆိပ် ပမာဏ ဟာ ကဖိန်းနဲ့ တွေ့တဲ့အခါ အဆိပ် အင်အားကို (၃) ဆ အထိမြင့်တက်သွားစေနိုင်ခြင်းကြောင့် ပါရာစီတမော ကို ကော်ဖီနဲ့ (လုံးဝ)တွဲမသောက်သင့်ပါ။

ဒါ့အပြင် ပါရာစီတမော ဟာ အသဲကိုလည်း ပျက်စီးစေတတ်ပါတယ် ။ ဘာကြောင့်လဲဆိုရင်် ကော်ဖီမှာပါဝင် တဲ့ ကဖိန်းဓာတ်ကြောင့် လို့ သိပ္ပံပညာရှင်များ က ဆိုထားတယ် လို့ သိရပါတယ် ။ ကော်ဖီနဲ့ တွဲပြီး မကြာခဏ သောက်ဖြစ်နေတယ် ဆိုရင်တော့ သေတဲ့အထိ ဖြစ်စေနိုင်တယ်လို့လည်း ပြောထားပါသေးတယ်နော်။

မတည့်ဘူး ဆိုတိုင်းလည်း ကော်ဖီသောက်တာကို ရပ်ဖို့ မလိုအပ်သလို ပါရာစီတမော သောက်တာကို လည်း စွန့်လွှတ်ပစ် ဖို့ မလိုအပ်ပါဘူးနော်။ အတူတူ တွဲပြီး မသောက်မိဖို့ ပဲ လိုအပ်တာပါ ။ နောက်ထပ် တစ်ခုက ပါရာစီတမော နဲ့ ကိုကာကိုလာ မတည့်ဘူး ဆိုတာကို လည်းသိကြမှာပါနော် ။ သေစေတဲ့ အထိ ဖြစ်စေပါတယ်ရှင့် ။

ပါရာစီတမော ကို အလွန်အကျွံ သောက်မိရင်တော့ အသည်းပျက်စီးစေပြီး သေစေနိုင်ပါတယ် ။ အဲဒီလိုပဲ အရက်နဲ့ တွဲသောက်မိရင်လည်း အသည်းကို ပျက်စီးစေတဲ့ အထိ ဖြစ်နိုင်ပြီး အသက်ဆုံးနိုင်ပါတယ်။ ပါရာစီတမောကို တာရှည်သုံးစွဲရင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးစေ တတ်ပြီး သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများ လည်း ဖြစ်စေနိုင်ပါတယ် ။

ပါရာစီတမော တစ်မျိုးထဲသာ မဟုတ်ပါဘူး ဘယ်ဆေးဝါးကို မဆို တာရှည်သုံးစွဲရင် မကောင်းဖူးဆို တာ သိထားကြဖို့ လိုအပ်ပါတယ်နော် ။

crd.

Leave a Reply

Your email address will not be published. Required fields are marked *