ပိုင်တံခွန် နဲ့ အတူ ရေကူးကန်ထဲမှာ မနက်စာ စားခဲ့ကြတဲ့ ပုံရိပ်လေးတွေ ကို ထုတ်ပြလိုက် တဲ့ ဆွိဝတ်ရည်သောင်း

Posted on


ပရိသတ်ကြီးရေ သီချင်းတွေကို သီဆိုရင်းနဲ့ ဂီတလောကမှာ ရပ်တည်နေသူက တော့ အဆိုတော်မလေး ဆွိဝတ်ရည်သောင်း ပဲ ဖြစ်ပါတယ်။

သူမ ကတော့သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်း ရဲ့ ညီမချောလေး ဖြစ်ပြီး အစ်မလို သရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲ သီချင်းဆိုရတာ ကို ပဲ နှစ်သက်သူလေးလည်း ဖြစ်ပါတယ်။

ဆွီဝတ်ရည်သောင်း ရဲ့ အသံအေးအေးလေးက လည်း ယောကျာ်းလေး ပရိသတ်တွေ ကိုသာမက ဘဲ မိန်းကလေး ပရိသတ်တွေကိုလည်း ဆွဲဆောင်ထားနိုင် တာလည်း ဖြစ်ပါတယ်။

ယခုမှာ တော့ ဆွိဝတ်ရည်သောင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာ တွင် မိန်းကလေး ပရိသတ်တွေ မနာလိုဖြစ်စေ မယ့် ပုံရိပ်လေးတွေ တင်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ် က အေးဝတ်ရည်သောင်း ၊ အိမ့်ချစ်၊ ပိုင်တံခွန်၊ ကျော်ထက်ဇော်၊ ပိုင်ဖြိုးသု၊ အောင်မင်းခန့် စတဲ့အနုပညာရှင် ညီအစ်ကိုမောင်နှများ နဲ့ မော်ဒိုက်ကမ်းခြေ ကို သွားရောက်လည် ပတ်ခဲ့စဥ် က ရိုက်ကူးခဲ့ တဲ့ အမှတ်တရ ပုံရိပ်လေးတွေ ပဲ ဖြစ်ပါတယ်။

ဆွိဝတ်ရည်သောင်း က မော်ဒိုက် ခရီးစဥ်သွား ခဲ့စဥ်တုန်း က ပိုင်တံခွန် နဲ့ ရေကူးကန်ထဲမှာ မနက်စာ အတူစားခဲ့ကြ တဲ့ အမှတ်တရ ပုံရိပ်လေးတွေ ကို သူမကလည်း ‘ ကဲရော့! ကိုကြီးတံခွန် နဲ့ maldives ခရီးစဥ် အမှတ်တရ ( အရှေ့တောင် အာရှက မမများမနာ လို ဖြစ်ကြကုန် ) ‘ ဟုဆိုကာ ပုံရိပ်လေးတွေ ကို တင်ပေးလာခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ဆွိဝတ်ရည်သောင်း နဲ့ ပိုင်တံခွန်တို့ ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

source:Sweet WuttYi Thaung

Leave a Reply

Your email address will not be published. Required fields are marked *