ဖခင်က စိတ်ဆိုးပြီး စကားမပြောတဲ့အထိ ဖြစ်သွားတဲ့ ခပ်ကြမ်းကြမ်း ပုံရိပ်တွေကို ချပြလိုက်တဲ့ ‘ထက်ထက်’

Posted on

တစ်ချိန်က အနုပညာ လောကမှာ အောင်မြင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးချော ထက်ထက်မိုးဦး ကတော့ အောင်မြင်ခဲ့တဲ့ အချိန်တုန်းက ထက်ထက်မိုးဦး ခေတ်လို့ ခေါ်ရတဲ့ အထိ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အနုပညာ လောကမှာ အောင်မြင် ခဲ့တဲ့ ထိပ်တန်း သရုပ်ဆောင် တစ်ယောက် ဖြစ်ခဲ့ပြီး ပရိသတ်တွေ ရဲ့ ရင်ထဲမှာ ယနေ့အထိ အခိုင်အမာ နေရာယူထားနိုင်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ထူးချွန်တဲ့ သူမ ကတော့ အကယ်ဒမီ ဆုတွေကို ရယူဆွတ်ခူးနိုင်ခဲ့တဲ့ အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။
ထက်က အခုချိန်ထိ ကို နုပျို လှပပြီး ရိုးသွားနိုင် တဲ့ အလှတရား တွေ ပြည့်နှက်နေ ဆဲဖြစ်ပါတယ် ။ အခုတော့ ထက်ထက်မိုးဦး က အနုပညာ လှုပ်ရှားမှုတွေ ကို ပုံမှန် လုပ်ကိုင်လာပြီး ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

အချိန် အတော်ကြာအောင် အနုပညာအလုပ်တွေ ကို ရပ်နားခဲ့တဲ့ ထက်ထက်မိုးဦး က အခုတော့ပရိသတ်တွေ ရဲ့ရှေ့ကို ပြန်လည်ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ထက်ထက်က အနုပညာအလုပ်တွေ နားထားပေမယ့်လည်း Live လွှင့် ကာ စိန်ရွှေရတနာများကို ရောင်းချ လျက်ရှိရာ ဝယ်ယူအား ပေးကြသူတွေ များပြားခဲ့တာလည်းဖြစ်ပါတယ် ။

သူမက တစ်ချိန် က ဖခင်ကိုယ်တိုင် စိတ်ဆိုးပြီးစကားမပြောတော့တဲ့ အထိဖြစ်ခဲ့ရတဲ့ ခပ်ကြမ်းကြမ်း ပုံရိပ်လေးကို ‘ဒီပုံကို ဘယ်နှစ်က ရိုက်ခဲ့လဲတော့ ထက် မမှတ်မိတော့ဘူး။ ပုံရိုက်လို့ အဖေ စိတ်ဆိုးပြီး စကားအကြ ာကြီး မပြောတာ တော့ ခုထိ မှတ်မိနေသေး တယ်’ ဆို တဲ့ စာလေးနဲ့ အတူ အမှတ်တရဖြစ်ခဲ့တဲ့ ပုံလေးကို ပရိသတ်ကြီး ထံ မျှဝေပေးလိုက်ပါတယ် ။

source:Htet Htet Moe Oo

Leave a Reply

Your email address will not be published. Required fields are marked *