ဖူးမျှော်ရန် မလွယ်ကူသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မြေအောက်ဌာပနာတော်တိုက်

Posted on


ဌာပနာ​တော်​ တိုက်​အတွင်း ပိုင်း တွင် (၆၆)​ပေ အမြင့်ရှိပြီး ခမ်​နားထည်​ဝါစွာ တည်​​ဆောက်​ထား ခြင်းဖြစ်ပါသည်။ အလျားအနံ (၁၀) ​ပေ ပတ်​လည်ရှ​​ရေတွင်​နှင့် ပြဿဒ်​၅ခုပါ ကရဝိတ်​​ဖောင်​​တော်​။ ဖောင်​​တော်​မှ ာအလျား(၆​)ပေခွဲခန့် အတိုင်းတာရှိပြီး ​ရွှေအစစ်များ​ချထားခြင်းဖြစ်ပါတယ်။ ကရဝိတ်ဖောင်တော်ပေါ်တွင် ကကုသန်​မြတ်​စွာဘုရား၏ ​တောင်​​ဝှေး​တော်​၊ ​ကောဏဂုံမြတ်​စွာဘုရာ၏ ဓမ္မကရိုက်​​ရေစစ်​​တော်​၊ ကဿပမြတ်​စွာဘုရား ၏ ​ရေသနုပ်​ သင်္ကန်း​တော်​၊ ဂေါတမမြတ်​စွာဘုရား၏ ဆံ​တော်​(၈)ဆူ အား ပူဇော်ထားရှိပါသော​ကြောင့် ​လေးဆူဓာတ်​ပုံ ​ရွှေတိဂုံ ဟု ခေါ်ဆိုရခြင်းလည်း ဖြစ်ပေသည်။

မြေအောက် ဋ္ဌာပနာ​တော် ​တိုက်​မှာပင်​မအလယ်​တိုင်​မပါ သံရက်​မ မရှိပဲ ​ကျောက်​တုံး​ကျောက်​ခဲများဖြင့် ခန်းနားစွာ တည်​​ဆောက်​ထားခြင်း။ ဋ္ဌာပနာ​တော်​တိုက်​ မုဒ်ဦးအတွင်းပိုင်းတွင် ​ဥက္ကလာမင်းရုပ်​ထု နှင့်စလွယ်​​တော်​၊ တဖုဿ၊ဘလ္လိက ညီ​နောင်​၊သာသနာ​တော်​​စောင့် နတ်​မင်း​ကြီး​လေးပါးနှင့် နတ်​​ဒေဝါများ ပူ​ဇော်​​နေဟန်​ ​ရွှေရုပ်​ထုများ ထုလုပ်​ထားရှိပါတယ်။ ခရစ်နှစ် ၁၈၂၀ ဝန်​ကျင်​ခန့်​က လူစွမ်း​ကောင်း​ ​မောင်​ကံသည်​ဆံ​တော်​တွင်းမှ မြတ်​ဗုဒ္ဓဆံ​တော်​အစစ်​ကို တရုတ်​ပြည်​​ကောက်​ကွန်​ဥတည်မင်း ထံသို့ ပင့်ဆောင်ရန်​ ဆံ​တော်​အတွင်းသို့ ဝင်​ရာတွင်​ ရင်​ဘတ်​ထိတိုင်​ ​ကျောက်​ရုပ်​ဖြစ်​သွားခဲ့သည်​။

ခရစ်နှင့် ၁၈၁၄ ခုနှစ်​ တွင် အင်္ဂလိပ်​စစ်​တပ်​များ ဋ္ဌာပနာတိုက်​​ဖောက်​၍ အဖိုးတန်​ရတနာများ ယူခဲ့ကြသည်​ ဆံ​တော်​တွင်း ဋ္ဌာပနာတိုက်​အား အကြိမ်ကြိမ် ​ဖောက်​ခဲ့ကြ​သော်လည်း ​ကျောက်​နံရံကြီးများအား မ​ဖောက်​နိုင်​၍ လက်​​လျှော့ခဲ့ရသည်​။

အာ​မေနီယားလူမျိုး မစ္စတာအပရ​မေ အသက်​ရနှစ်​အရွယ်​ ၁၉၀၄ ခုနှစ်​တွင် ဆံ​တော်​ကိန်​ဝပ်​ရာသို့ ဆင်းသက်​ကြည့်ဖူးသည့် ရ​သေ့ကြီးများ ဘုရားဖူးလာ​ရောက်​ချိန်​ တွင်​ အမှတ်​မထင်​ ဝင်​​ရောက်​ခွင့်ရခဲ့ ခြင်းဖြစ်​သည်​။ မစ္စတာအပ ​ပြောပြချက်​ အရ​ ​ရှေးမြန်​မာများ လည်း (၁၉၇၁) ခုနှစ်​က စူးစမ်းသု​သေသန ပြုလုပ်​ခဲ့ကြပီး ​ကျောက်​နံရံကြီး ကာထားသည့် ​နေရာထိ​ရောက်​​အောင်​သွားနိုင်​ခဲ့ကြ​သော်လည်း အတွင်းသို့ဝင်​ရောက်​နိုင်​မည့်လမ်းမ​တွေ့ရှိခဲ့ကြပါ

ပညာရှင် ​များ ​ကျောင်းသားလူငယ်​များပါ အားတက်​သ​ရေ ာသု​သေသနပြု ပါဝင်​ခဲ့ကြ​သော်လည်း မတည်​မငြိမ် ​​နှောင်းပိုင်း​ခေတ်​များ တွင်​ မသမာသူများ​နှောင့် ယှက်​နိုင်​ခြင်း မရှိရန်​ ရည်​ရွယ်​ကာ ဌာပနာတော်တိုက် ဝင်ပေါက်ဖြစ်သည့် ဆု​တောင်းပြည့်​စေတီ လှိုင်ဂူဝအား သံတံခါးပိတ်​​သော့ ခတ်​ထားခဲ့လိုက်​ကြသည်​။ ထိုအချိန်များသည် ၁၉၇၁ ​ခေတ်​အလွန်​​နှောင်းပိုင်း နှစ်​​ပေါင်း(၅ဝ)ကြာခဲ့သည်​ဖြစ်​ရာ ဌာပနာ​တော်​တိုက်​ အ​ကြောင်း ဆက်​လက်​သု​သေသန ပြုနိုင်​ခြင်းများ ထပ်မံမရှိခဲ့တော့ကြောင်းလည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *