ဖောင်ကြီး ကိုဗစ် ၁၉ ကုသရေးစင်တာ သို့ ငွေကျပ်သိန်း(၁၀၀၀)ကို ပါချူပ်ဆရာတော် မှ လှူဒါန်းခဲ့

Posted on

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်း မှ ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီး ကိုဗစ် ၁၉ ကုသရေးစင်တာ အတွက်ငွေကျပ် သိန်း(၁၀၀၀) လှူဒါန်းလိုက်ကြောင်းသိရသည်။

ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာရှိ ခေတ္တာဆောင်နှင့် သဇင်ဆောင် တို့အတွက် အောက်စီဂျင် တိုးချဲ့ပေးဝေနိုင်ရေး လုပ်ငန်းအမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန် လိုအပ်နေသည့် အောက်စီဂျင် အသက်ရှူစက်ကြီး ဝယ်ယူရန် ဒေါက်တာနန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းမှ ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်။

ဆရာတော်ကြီး ကိုယ်တိုင်ရေး သားပေးပို့သောရင်တွင်း မေတ္တာစေတနာ အမှာစကားကိုလည်း ဖေါ်ပြအပ်ပါသည် ပါမောက္ခချုပ်ဆရာတော် ၏ကျန်းမာရေးအလှူနှင့် အမှာစကား – ဘဝမှာကျန်းမာရေးဆုံးရှုံးလျှင်အားလုံး ဆုံးရှုံးပါသည်ကျန်းမာရေးပြည့်စုံ လျှင်လည်း အားလုံးပြည့်စုံပါသည် မြတ်ဗုဒ္ဓက အာရောဂျပရမာ လာဘာကျန်းမာမှု ရရှိခြင်းသည် အကောင်းဆုံးသောအ ရာကိုရရှိခြင်းဖြစ် သည်ဟု ဟောခြင်းမှာ လုံးဝမှန်ကန်ပါသည်။

ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွါးနေစဥ် ကျန်းမာရေး ထိခိုက်သွားသူများ အတွက်ကျန်းမာရေးဆုံးရှုံးမှု မဖြစ်ရလေအောင် ပံ့ပိုးကူညီလိုသော ရင်တွင်းမေတ္တာ စေတနာကြောင့် ယနေ့ကျန်းမာရေး အလှူကို လှူရခြင်းဖြစ်ပါသည်။ မကျန်းမာသူများ အတွက်အရေးတကြီးလို အပ်နေသည့် အသက်ရှူစက်ကြီး ဝယ်ယူရန် အတွက်-

(၁) ဒေါက်တာနန္ဒမာလာဘိဝံသဖေါင်ဒေးရှင်းမှကျပ်သိန်း(၄၀၀)

(၂) ဆရာတော်ကြီး၏တပည့်ဒါယိကာမိသားစု ဖြစ်ကြသည့် မြင်းခြံမြို့ နဂါးနီဆေးပေါ့လိပ် ဦးမြင့်သူ ဒေါ်ချိုချိုသင်း မိသားစုက ကျပ်သိန်းခြောက်ရာ နှစ်ရပ်ပေါင်း ကျပ်သိန်း(၁၀၀၀) ကိုလှူဒါန်းခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြား အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *