ဖျစ်ညှစ် သောင်းကျန်းလွန်း တဲ့ ချစ်သူကြောင့် ရင်သားပွင့်ထွက်သည် အထိဖြစ်ခဲ့ရ တဲ့ အမျိုးသမီး (ရုပ်သံ)

Posted on


ဒီအဖြစ်အပျက်လေးက ထိုင်းနိုင်ငံဖြစ်ခဲ့တာပဲ ဖြစ်ပြီးတော့ ၎င်းအမျိုးသမီး ရဲ့နာမည်က Preeyaporn လို့ သာ ဖော်ပြထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက် က Preeyaporn ဟာ သူမရဲ့ ရင်သားကို (425 cc) အရွယ်အစား ရင်စားဆီလီကွန် ပြုပြင်ခွဲစိတ်မှု လုပ်ပြီး ရင်သားကြီးအောင်လုပ်ထားခဲ့တဲ့ အကြောင်းကို ထိုင်းနိုင်ငံက ဒေသခံ TV အစီအစဥ် တစ်ခုမှာ အမျိုးသမီးတစ်ဦး က သူမရဲ့ အတွေ့အကြုံ ကို ပြန်လည်မျှဝေခဲ့တာလည်း ဖြစ်ပါတယ်နော်။

သူမ က ခေတ်စားနေ တဲ့ ရင်သားပိုကြီးအောင် အစားထိုးခွဲစိတ်မှု ခံယူခဲ့သူ ဖြစ်ပါတယ် တဲ့။ အဆိုပါ ခွဲစိတ်မှုကို တော့ သူမက နာမည်ကြီး ဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာလို့ လည်း သိရပါတယ်နော်။ ခွဲစိပ်မှုလုပ်ထားပြီး (၁) လောက်ကြာချိန် ထိတော့ ၎င်းထည့်သွင်းထား တဲ့ ဆီလီကွန်တွေ က အဆင်ပြေနေခဲ့ ပါသေးတယ်။ သို့ပေမယ့်လည်း ဘဲ ချစ်သူအမျိုးသား နဲ့ အတူတူနေတဲ့ အခါမှာတော့ သူ့မရဲ့ ချစ်သူဟာ အလွန်ကို ဖျစ်ညှစ်သောင်းကျန်လွန်း ခဲ့တာကြောင့် အလွန်နာကျင်မှု ခံခဲ့ရကြောင်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ တည်းက ရင်သားအတွင်း ခွဲစိပ်ထည့်သွင်းထားတဲ့ ဆီလီကွန်တွေ က ပြုတ်ထွက်သွားခဲ့တာပါ။ သူမက နာတာပဲသိပြီးတော့ ဆီလီကွန်တွေ ပြုတ်ထွက်သွားတာ ကို သတိမထားမိခဲ့ဘူး လို့ ဆိုပါတယ်။ ဘယ်လိုကြောင့် တစ်နှစ်ကြာ အချိန်ထိ ကောင်းနေတဲ့ ဆီလီကွန်တွေ ပြုတ်ထွက်တာ ကို သိရတာလဲ ဆိုတော့ အဲဒီအချိန်တုန်း က ထုံထိုင်းနာကျင်နေခဲ့တဲ့ အတွက် သူမမှာ တစ်ခြားအရာတွေ ကို မစဉ်းစားနိုင်ခဲ့ပါဘူး လို့ ပြောပြခဲ့တယ်လို့ သိရပါတယ်နော်။

နောက်ပိုင်းမှာတော့ သူမရဲ့ ရင်သားတွေဟာ အောက်ကို တွဲကျလာခဲ့ပြီးတော့ သူမလည်း အံ့သြသွားခဲ့ပြီး ဆေးခန်းက ဒေါက်တာ Natchaya Maitreewech နဲ့ ပြသလိုက်တဲ့ အခါမှာ ပြုတ်ထွက်နေတယ်ဆိုတာကို သိခဲ့ရပါတယ် တဲ့။ ဆေးခန်းမှ ဒေါက်တာ ရဲ့ ပြောပြချက် အရ ပထမခွဲစိတ် ထည့်သွင်းစဥ်အချိန်က ပြန်ပြီးချုပ်တဲ့ အခါမှာ မသေမသပ်ဖြစ်နေကြောင်း ထို့အပြင် ရင်သားအတွင်း ထည့်သွင်းထား တဲ့ ဆီလီကွန်တွေ ဟာ အရည်အသွေးနိမ့်တဲ့ အတွက် ဖြစ်သင့်တာ ထက်ပိုပြီး မာနေခဲ့ကြောင်း နဲ့ ဒါဟာ အခြားဘေးထွက်ဆိုးကျိုး တွေ ဖြစ်စေနိုင်တဲ့ အနေအထား လို့ ပြောခဲ့ပါတယ်နော်။

လက်ရှိအချိန်မှာတော့ Preeyaporn ဟာ သူမရဲ့ ရင်သားတွေကို ပြန်လည် ပြင်ဆင်ပြီးပြီ လို့လည်း ပြောပြခဲ့ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *