ဗီတာမင်တစ်ခုမှ မပါတဲ့ မြန်မာပြည် ဆန် နှင့် ဆန်တွေထဲ မှာ အာဆင်းနစ် အဆိပ်တွေ ပါရှိလာနေခြင်း အကြောင်း အရင်း

Posted on


ဆန်ကို ဖြူအောင်ကြိတ်စက် နဲ့ ချွတ်လိုက် တဲ့ အခါ အပေါ်လွှာ အာဟာရ တွေ ဖိုင်ဘာဓါတ် တွေပါတဲ့ အပြင်လွှာ ဟာ ဖွဲအဖြစ်ရောက် သွားပါတယ်၊ ဗိုက်တာမင်တွေ၊ သတ္တုဓါတ်တွေ ပါကုန်တယ်၊ ဆန်မှာ ကာဗွန်ဟိုက်ဒရိတ်ကလွဲရင်ဘာမှမကျန်တော့ဘူးတဲ့၊ ဒါကြောင့် အခွံပဲချွတ်ထားတဲ့ ဆန်ညိုဟာ ပိုပြီး ကျန်းမာရေး နဲ့ပိုညီတယ်။ နိုင်ငံခြားမှာတော့ ဆန် ကို ဗိုက်တာမင်တွေ သတ္တုဓါတ် တွေ အပေါ်က ဖျန်းပြီးရောင်းတယ်။

ထမင်းဖြူ အများအပြား စားသုံးတဲ့လူ သုံးသိန်းငါးသောင်း ကျော် ကို ဆန်းစစ်ကြည့် တဲ့အခါမှာ ကာဗွန်ဟိုက်ဒရိတ်က လွဲရင် ဘာဗိုက်တာမင်မှ မကျန်တော့ တဲ့ ဆန်ဖွေးဖွေ းလှလှတွေဟာ သွေးထဲသကြား ဓါတ်များစေလို့ type2 diabetes ဆီးချိုရောဂါ ဖြစ်စေတယ်၊ ဆီးချိုဖြစ် ဖို့အတွက် အားပေးတယ်၊ ထို့ကြောင့်ဆီးချိုဖြစ်သူတွေဟာ ထမင်းလျော့စား ရတာလည်း ဖြစ်ပါတယ်။ ထမင်းဖြူဟာ လျောလျောရှုရှု ဝင်လို့ များများစားနိုင်တယ်၊ အစာအိမ်က အမြန် အစာချေဖျက် ပစ်တယ်၊ ဗိုက်ပြန်ဆာလာတယ်။

မွန်းတည့် ထမင်းစားပြီး နေ့လည် (၂) နာရီ (၃) နာရီဆို မြန်မာတွေ ဟာ သားရေစာ စားချင်လာ တယ်၊ ဗိုက်ထွက်လာ တယ် ဆန်ကြမ်းစားသူ ဟာ ဖိုင်ဘာတွေ သတ္တုဓါတ်တွေပါ လို့ မပျော့ပြောင်းတဲ့ အတွက် နည်းနည်းပဲ စားနိုင်ကြတယ်။ နှလုံးကို ကာကွယ်ပေးနိုင်တယ်၊ သွေးကြောမာတာ မျိုး မဖြစ်စေဘူး။ ဝတာလျော့ချပေးနိုင်တယ်။

နောက်ပြီးတော့ ဆန်အတော်များများ ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာစိုက်ကြတာများတော့ မြစ်အပေါ်ပိုင်း က သတ္တုတူး ဖေါ်ရာက နေ အာဆင်းနစ် တွေ မြစ်ဝကျွန်း ပေါ်ရောက်လာ လို့ ဆန်ထဲမှာ အာဆင်းနစ် အဆိပ်တွေ ပါလာတယ်၊ ကင်ဆာဖြစ်နှုံးတက်လာပါတယ်။ ဆန်ကြမ်း ဟာ အာဆင်းနစ်တွေကို ပြည့်ဝစွ ာမချွတ်ထားနိုင်တာ ကြောင့် အာဆင်းနစ်ပါဝင်မှုပိုများတယ်။ကင်ဆာနဲ့ နှလုံးရောဂါရစေတယ်။

ဆန်ထဲမှာ အာဆင်းနစ် ပါဝင်မှုနည်းတဲ့ ဆန်က jasmine rice စပယ်ဆန် နဲ့ Basmati ဘာစမတီဆန် ဖြစ်ပါတယ်။မြစ်အထက်ပိုင်း၊ မြစ်ချောင်းနဲ့ဝေးရာ၊ ဧရာဝတီနဲ့ ဝေးရာက ဆန်တွေ ဟာ အာဆင်းနစ် နည်းကောင်းနည်းမယ်။ ဟိမဝန္တာဒေသနဲ့တောင်ယာဆန်ဟာ ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ဆန်ကိုချက်တဲ့အခါ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ မကောင်းတဲ့အဆိပ်တွေ ရေထဲပျော်ကျသွားဖို့ တညတာ ရေစိမ်ထား သင့်ပါတယ်။ဆန်ကိုစားတဲ့အခါ လျော့စားပါ၊ အသီးအရွက်နဲ့ ဆတူစားပေးပါ ၊ မိမိ လေ့ကျင့်ခန်း မလုပ်နိုင်ပဲ ရုံးထိုင်ရတဲ့ နေ့တွေမှာ ဆန်ကို လျော့စားဖို့ လိုပါတယ်။

ထမင်းစားခါနီးအချိန်တွက် ရေတစ်ခွက်အရင် သောက်ပါ ပြီးမှထမင်းစားပါ။ ဖြစ်နိုင်ရင် ဆန်ကြမ်းကို သာ တစ်ည ရေစိမ်ပါ နောက်နေ့ဆေးပြီး မှ စားပါ။

Credi t:KyawSwaMin

Leave a Reply

Your email address will not be published. Required fields are marked *