မိခင် ဗိုက်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တွန်းထုတ်နေ တဲ့ အမြွှာ (ရုပ်သံ)

Posted on

ညီအစ်ကို မောင်နှမတွေဆိုတာ က တည့်တာရှိသလို မတည့်တဲ့သူတွေ လဲရှိပါတယ်။ အထူးသဖြင့် မတည့်တာ က ပိုများပါတယ်။ အမြွှာညီအစ်ကို မောင်နှမ တွေဆိုရင်တော့ သူတို့က မောင်နှမဆိုတာ ထက် အမြွှာတွေဖြစ်တာ မို့ စိတ်ချင်းပိုဆက်ကြတာ ပါပဲ ။ အဲ့လိုတွေကြောင့် သူတို့တွေ ဟာ တခြား မောင်နှမတွေ ထက် ပိုမိုထူးချွန်ကြတာ ကို တွေ့ရှိရပါတယ်။

သို့သော်လည်း ယခုအဖြစ်အပျက်ဟာ ဆိုရင်တော့ တကယ့်ကို ထူးဆန်းအံ့သြဖွယ် ရာ တွေ့ရှိခဲ့ကြပါတယ်။ မိခင်ရဲ့ ဗိုက်ထဲမှာပဲ ရှိသေးတဲ့ အမြွှာသားလောင်းလေး နှစ်ယောက် ဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းထုတ်နေတာ ကို တွေ့ရှိခဲ့ရပြီး အန်ထရာဆောင်း ဖြင့် Video ရိုက်နိုင် ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အမေ့ရဲ့ ဗိုက်ထဲမှာ ခုလိုမျိုးတွေ မလုပ်နိုင်တာ ကို လူတိုင်းသိရှိမှာပါ။ သိပ္ပံပညာအရ ဆိုရင်တော့ ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောနေကြတာပါနော်။

ဒီဖြစ်ရပ်က တော့ တရုတ်ပြည်မှာ ဖြစ်ခဲ့ ပြီး အမြွှာနှစ်ယောက် က မိန်းကလေးတွေ ပဲဖြစ်ကာ နာမည်တွေ ကတော့ Cherry နဲ့ Strawberry တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဗိုက်ထဲမှာ ၄ လ ရှိနေပြီဖြစ်ပြီး ကျန်းမာလျက် ရှိတာကိုတွေ့ရှိရပါတယ်။ အဖေဖြစ်သူ ကတော့ ” ကျွန်တော်တို့ ဒီ ဗွီဒီယို ကိုတွေ့လိုက်တဲ့ အခါမှာတော့ တကယ်ကို အံ့သြသင့်ခဲ့ရပါတယ်’ ဆိုပြီးပြော ပြလာ ခဲ့ပါတယ်။

ကျွမ်းကျင်သူ တွေကတော့ ဒီဖြစ်စဉ်ဟာ လူသန်း ၃၀ မှာ တစ်ခါသာဖြစ်တက် တဲ့ ဖြစ်စဥ်ဖြစ်ပြီး အရမ်းကို အန္တရာယ်များကြောင်း လည်း ပြောပြခဲ့ပါတယ်။

zawgyi




Leave a Reply

Your email address will not be published. Required fields are marked *