မိခင် မွေးနေ့မှာ ပျော်ရွှင်စရာမွေးနေ့ ပွဲလေးကိုကျင်းပပေးခဲ့ပြီး မွေးနေ့လက်ဆောင် Surprise တိုက်ခဲ့တဲ့ ဝေလာရီ ရဲ့ ဗီဒီယိုလေး
Posted on
သရုပ်ဆောင် မင်းသမီးလေး ဝေလာရီ ကတော့ MRTV-4 ရုပ်သံဇာတ်လမ်း တွဲ ကနေ ပရိသတ်အားပေးမှု ကိုစတင်ရရှိထား တဲ့ ပြည်သူချစ်အနုပညာရှင် မင်းသမီး လေး တစ်ယောက်ပါ။ထို့အပြင် အဆိုတော် တစ်ယောက် အနေနဲ့လည်း တေးသီချင်းတွေး ကိုထွက်ရှိအောင်မြင်ထားပါသေး တယ်။ အခု MRTV-4 မှာ ပြသနေတဲ့ ‘မမှီဝဲနဲ့ကင်းအောင်နေ’ ဇာတ်လမ်းတွဲမှာ လည်း ဆောင်း ဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။
အနုညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း မိဘကို လုပ်ကျွေးပြုစု နေတဲ့ သမီးလေးတစ်ယောက်ပါ။ ယနေ့ ဒီဇင်ဘာလ(၂၁)ရက်နေ့ မှာ တော့ ဝေလာရီ ရဲ့ မိခင်မွေးနေ့လေး ပဲ ဖြစ်ပါတယ်။ ဝေလာရီက တော့ မိခင် ရဲ့မွေးနေ့ အတွက်ပျော်ရွှင်စရာမွေးနေ့ပွဲလေး ကိုကျင်းပပေး ခဲ့ပြီး နောက်ဆုံးပေါ် I phone12 ဟန်းဖုန်းတစ်လုံးကို လက်ဆောင်ပေးပြီးSurprise လုပ်ခဲ့ပါသေးတယ်နော်။
ထို့ အပြင် စိန်လက်ကောက် လည်း ဝေလာရီ က လက်ဆောင်ပေးခဲ့ ပါသေးတယ်။ ဒီအကြောင်းလေးကိုတော့ဝေလာရီက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ‘Happy Birthday မေကြီး မိမော်မော်’ ဆိုပြီး ရေးသားထား ကာ ဗွီဒီယို လေးတစ်ခုကို တင်ပြလာခဲ့တာပါနော်။
ပရိတ်သတ်ကြီးလည်း ဝေလာရီ ရဲ့ ချစ်မေမေ အတွက် မွေးနေ့ဆုတောင်းစကားလေး တွေ ပြောပေးသွားကြဦးနော်။
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *