မိုးလေဝသနှင့်ဇလဗေဒ ဌာနမှ ဒီဇင်ဘာ(၂၁)ရက်နေ့အတွက် မိုးလေဝသ ခန့်မှန်းချက် ထုတ်ပြန်ခြင်း

Posted on

ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့် အတင့် မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပါသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ် တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ တွင် တစ်ခါတစ်ရံတွင် အရှေ့ဘက် မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့် အတင့်မှလှိုင်းကြီး နိုင်ပါသည်။

အရှေ့ဘက် မှ လေပြင်းများ တိုက်ခတ်စဥ် ရေပြင်/မြေပြင် တို့သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင် တွင် လှိုင်း အသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ တွင် လှိုင်းအမြင့် ၅ ပေ မှ ၈ ပေ ခန့် နှင့် မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် လှိုင်းအမြင့် ၄ ပေ မှ ၇ ပေခန့် ရှိ နိုင်ပါသည်။

နောက်(၂)ရက် အတွက် ခန့်မှန်းချက် မှာ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် ည အပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေ အထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာပါမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေမည်ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာ နေပါမည်။

source : MOHS

zawgyi







source : MOHS

Leave a Reply

Your email address will not be published. Required fields are marked *