မြင့်မြတ်ကို အရှက်ခွဲချင်လို့ သူ့အဖေက ကြံစည်နေတာ ကြာခဲ့ပြီလို့ ဒဲ့ပြောလိုက်တဲ့ မြင့်မြတ် ရဲ့ မိခင် (ရုပ်သံ)

Posted on

ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသား မြင့်မြတ် ကတော့ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုအောင် အိုက်တင်မျိုးစုံကို ပီပြင်စွာ လုပ်တတ်ပြီးဘက်စုံရတဲ့ သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ်က စိတ်သဘောထား လည်းပြည့်ဝပြီး အေးဆေးနေတတ် သူပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြင့်မြတ်ရဲ့ ဖခင်ကိုယ်တိုင် အင်တာဗျုး တစ်ခုမှာ ဖြေကြားလိုက်တဲ့ ဗီဒီယိုကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေများစွာကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြင့်မြတ်ရဲ့ စိတ်ဓာတ်နဲ့ မြင့်မြတ်တို့မိသားစုအတွင်းရေးတွေ ကိုပါသိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကတော့မြင့်မြတ်ဘက်ကနေရပ်တည်ပြီး ပရိသတ်တွေအထင်အမြင်မလွဲအောင်ဖြေရှင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ ယခုမှာ တော့ မြင့်မြတ်ရဲသူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဂျူးဂျူးပန်ထွာက မြင့်မြတ်ရဲမိခင်ကိုယ်တိုင် ပြောကြားထားတဲ့ မိသားစုအတွင်းရေး ဗွီဒီယိုဖိုင်လေး တစ်ခုကို ပရိတ်သတ်ထံ ချပြလာခဲ့ပါတယ်။

မြင့်မြတ်ရဲ့ မိခင်ပြောတာကတော့ မြင့်မြတ်ရဲ့ဖခင် က သားဖြစ်သူ ရဲ့ထောက်ပံ့မှုကို အပြည့်အဝရရှိထားပြီး ဆိုင်တစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားကြောင်း မြင့်မြတ်ရဲ့ဖခင်ဟာ သားကိုအရှက်ခွဲချင်လို့ ကြံစည်နေတာကြာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလာတာကို ဗွီဒီယိုဖိုင်ဖြင့် ပြောလာခဲ့တာပါ။

မြင့်မြတ်ရဲ့ မိခင်ကတော့ သားအလိမ္မာအတွက် မားမားမတ်မတ် ရပ်တည်ပေးပြီး မိသားစုအတွင်းရေးတွေ ကို ရှင်းရှင်းလင်းလင်းပြော လာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီးမြင့်မြတ်အပေါ် အထင်အမြင်လွဲနေမှုတွေရှိနေရင် အမှန်ကိုသိသွားမှာပါနော်။

zawgyi

ပရိတ္သတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသား ျမင့္ျမတ္ ကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာ ေျပာစရာမလိုေအာင္ အိုက္တင္မ်ိဳးစုံကို ပီျပင္စြာ လုပ္တတ္ၿပီးဘက္စုံရတဲ့ သ႐ုပ္ေဆာင္ ေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ ျမင့္ျမတ္က စိတ္သေဘာထား လည္းျပည့္ဝၿပီး ေအးေဆးေနတတ္ သူပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျမင့္ျမတ္ရဲ့ ဖခင္ကိုယ္တိုင္ အင္တာဗ်ဳး တစ္ခုမွာ ေျဖၾကားလိုက္တဲ့ ဗီဒီယိုေၾကာင့္ ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြမ်ားစြာကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျမင့္ျမတ္ရဲ့ စိတ္ဓာတ္နဲ႔ ျမင့္ျမတ္တို႔မိသားစုအတြင္းေရးေတြ ကိုပါသိတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြကေတာ့ျမင့္ျမတ္ဘက္ကေနရပ္တည္ၿပီး ပရိသတ္ေတြအထင္အျမင္မလြဲေအာင္ေျဖရွင္းေပးခဲ့ၾကတာ ေတြ႕ရပါတယ္။ ယခုမွာ ေတာ့ ျမင့္ျမတ္ရဲသူငယ္ခ်င္းျဖစ္သူ သ႐ုပ္ေဆာင္ ဂ်ဴးဂ်ဴးပန္ထြာက ျမင့္ျမတ္ရဲမိခင္ကိုယ္တိုင္ ေျပာၾကားထားတဲ့ မိသားစုအတြင္းေရး ဗြီဒီယိုဖိုင္ေလး တစ္ခုကို ပရိတ္သတ္ထံ ခ်ျပလာခဲ့ပါတယ္။

ျမင့္ျမတ္ရဲ့ မိခင္ေျပာတာကေတာ့ ျမင့္ျမတ္ရဲ့ဖခင္ က သားျဖစ္သူ ရဲ့ေထာက္ပံ့မႈကို အျပည့္အဝရရွိထားၿပီး ဆိုင္တစ္ဆိုင္ကိုလည္း ပိုင္ဆိုင္ထားေၾကာင္း ျမင့္ျမတ္ရဲ့ဖခင္ဟာ သားကိုအရွက္ခြဲခ်င္လို႔ ႀကံစည္ေနတာၾကာခဲ့ၿပီ ျဖစ္ေၾကာင္း ေျပာၾကားလာတာကို ဗြီဒီယိုဖိုင္ျဖင့္ ေျပာလာခဲ့တာပါ။

ျမင့္ျမတ္ရဲ့ မိခင္ကေတာ့ သားအလိမၼာအတြက္ မားမားမတ္မတ္ ရပ္တည္ေပးၿပီးမိသားစုအတြင္းေရးေတြကို ရွင္းရွင္းလင္းလင္းေျပာ လာခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း ဒီဗီဒီယိုေလးကို ၾကည့္ၿပီးျမင့္ျမတ္အေပၚ အထင္အျမင္လြဲေနမႈေတြရွိေနရင္ အမွန္ကိုသိသြားမွာပါေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *