မြန်မာ့ပထမဆုံး ကာကွယ်ဆေး ထိုးခွင့်ရခဲ့ကြ တဲ့ မြန်မာနိုင်ငံသား (၁၃)ဦး

Posted on

ပထမဦးဆုံး အကြိမ် အဖြစ် တရုတ်နိုင်ငံ ကျန်းမာရေးဌာန က မြန်မာ-တရုတ်နယ်စပ်ဂိတ် မှ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂၃ ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးပေးလိုက်သည် ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းအလုပ်အမှု ဆောင် ဦးစိုင်းခင်မောင် က ပြောပါတယ်။ မြန်မာနိုင်ငံ သား ယာဉ် မောင်း (၂၃)ဦး ကို တရုတ်ကုန်သွယ်ရေး ရုံး အစီအစဉ် ဖြင့် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ဝမ်တိန်မြို့ ရှိ ကျန်းမာရေးဌာန သို့ ခေါ်ဆောင်ကာ ကိုဗစ်ကာကွယ် ဆေးထိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။

‘အစားထိုးယာဉ်မောင်း(၂၃)ယောက် ကို ထိုးပေးတာ မြန်မာနိုင်ငံ မှာ ပထမဦးဆုံး ကာကွယ်ဆေးထိုး ရသူများအဖြစ် မှတ်တမ်းတင်ထားနိုင်မယ် လို့ ယူဆပါတယ်’ဟု ဦးစိုင်းခင်မောင် က ပြောပါတယ်။ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုး ရန် မြန်မာနိုင်ငံသားယာဉ်မောင်း(၂၉)ဦး ကို ဝမ်တိန် မြို့ကျန်းမာရေးဌာန သို့ ခေါ်ဆောင်သွားခဲ့သော်လည်း(၆)ဦးမှာ အရက်၊ ဘီယာသောက်ထား သူ၊ ဆီးချို ရောဂါရှိသူများ ဖြစ်နေခဲ့သည့်အတွက် ကာကွယ်ဆေးမထိုးခဲ့ရဘူးလို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ တွင် အရက်စွဲနေသူ၊ အရက်သောက်ထားသူ၊ ဆေးတစ်မျိုးမျိုး ကို စွဲသောက်နေရသူ၊ ဆီးချိုနှင့် နှလုံးရောဂါရှိသူ၊ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု အစားထိုးထား သူတို့ကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး မထိုးပေးကြောင်း ဝမ်တိန်မြို့ ကျန်းမာရေးဌာန က အသိပေးထားပါတယ်။ ယခုကာကွယ်ဆေးထိုးခွင့်ရခဲ့သည့် မြန်မာနိုင်ငံသား ယာဉ်မောင်း(၂၃)ဦး ကို (၁၄)ရက် ပြည့်ပါက နောက်တစ်ကြိမ် ထပ်မံထိုးနှံပေးသွားမည် ဟုလည်း ဝမ်တိန်မြို့ ကျန်းမာရေးဌာန ကအသိပေးထားပါတယ်။ ‘အခုက (၂၃) ယောက် ထပ် လာဦးမယ်။ ယာဉ်မောင်းက ၅၀ လောက်ရှိတာကိုး’ ဟု ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် မြန်မာနှင့်နယ်စပ်ဂိတ်များ မှ လူအဝင်အထွက် ကို တရုတ်က ကန့်သတ်ခဲ့ပြီးနောက် မြန်မာယာဉ်မောင်း(၅၀)နီးပါး ကိုသာ ကုန်သယ်မောင်းနှင်ခွင့်ပြု ထားပါတယ်။ လက်ရှိတွင် မြန်မာယာဉ်မောင်းများ အား တရုတ်နိုင်ငံ ကျန်းမာရေးဌာန က မည်သည့် ကိုဗစ် ၁၉ ကာကွယ်ဆေး အမျိုးအစားအား ထိုးပေးလိုက်သည်ကို မသိရပေ။ ကိုဗစ်ကာကွယ်ဆေးထိုးခံခဲ့ရသည့် မြန်မာယာဉ်မောင်းများသည် မြန်မာနိုင်ငံ ၏ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံရသူ များအဖြစ် မှတ်တမ်း ဝင်သွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *