မြန်မာ့ယဉ်ကျေးမှု အနုပညာအတွက် သဘင်ပညာရှင် မင်းသား ဖိုးချစ် ဆီမှ ဂုဏ်ပြုခံလိုက် တဲ့ ခင်ရတနာစိုး
Posted on
ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပြီး ပရိသတ်အားပေးမှု အများဆုံးဖြစ် ခဲ့တဲ့ The Voice Myanmar Season (3)သီချင်းဆို ပြိုင်ပွဲကြီးက တော့ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါတယ်။ The Voice Myanmar Season (3) ပြိုင်ပွဲကြီး မှာ ပရိသတ်အားပေး ချစ်ခင်မှုများစွာ ရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ကံမကောင်းစွ ာနဲ့ပဲ Winner ကို လွဲချော်ခဲ့ပါတယ်။
ပြိုင်ပွဲဝင် ခင်ရတနာစိုး ကတော့ မနေ့ကညက Final ပွဲမှာ ‘နဂါးနီ’ သီချင်းကို ကိုယ်တိုင် ‘ဆိုင်း’ တီးခတ်ပြီး အကောင်းဆုံး Performance တွေနဲ့ ယှဉ်ပြိုင်တင် ဆက်ခဲ့ပြီး ပရိသတ်တွေ ရော ဒိုင်တွေကို ပါ အံ့သြသင့် စေခဲ့တဲ့ အပြင် ဒိုင်တွေရဲ့ အထင်ကြီးလေးစား ဂုဏ်ပြုတာကို တောင်ခံခဲ့ရပါသေးတယ်။
ဒါ့အပြင် ခင်ရတနာစိုး က သဘင်ပညာရှင် မင်းသားချော ဖိုးချစ် ထံ က နေလည်း ဂုဏ်ပြုမှုကိုပါ ရရှိခဲ့ပါသေးတယ်။
မင်းသားချော ဖိုးချစ်က ‘ ဘာပဲဖြစ်ဖြစ်တာဝန် ကျေခဲ့ပါတယ် ညီမငယ် ဂုဏ်ယူပါတယ် မြန်မာ့ယဉ်ကျေးမှု အနုပညာအတွက် ပေါ့’ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ခင်ရတနာစိုး ရဲ့ မနေ့ညက ဖျော်ဖြေမှုကို ဂုဏ်ယူကြောင်း ဖော်ပြထားခဲ့တာပါ။
ချစ် ပရိသတ်ကြီး ရေ ခင်ရတနာစိုး ကလည်း အခုလို ဂုဏ်ပြုတာ ကို ကျေးဇူးတင်ကြောင်းနဲ့ ကံမကောင်းစွာ Winner ဆု ကို လွဲချော်ခဲ့ပေမဲ့ လည်း အနုပညာလမ်းကြောင်းပေါ်မှာ အမြဲရှိနေဦး မယ်လို့လည်း ဆိုထားပါသေးတယ်။
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *