မြန်မာ့ လက်ရွေးစင် ကစားသမား အောင်သူ ကို ဒေါ်လာ (၅)သောင်း မြန်မာငွေ သိန်း(၇၀၀)ခန့် ဖြင့် ရတနာပုံအသင်းက အပြီးရောင်းလိုက်ပြီ

Posted on

ရတနာပုံ အသင်း နဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူကတော့ ထိုင်းလိဂ်ဝမ်း ကလပ်ဘူရီယမ် အသင်းနဲ့ တရားဝင်ပူး ပေါင်းလိုက်ကြောင်း ဘူရီယမ်အသင်းရဲ့ လူမှုကွန်ယက်(ဖေ့ဘွတ်)စာမျက်နှာ မှာ ဖော်ပြထားတဲ့ပုံ အရ သိခဲ့ရပါတယ်။

အောင်သူ အနေနဲ့ ယခုအပတ်အတွင်းမှာ ထိုင်းလိဂ်ဝမ်းကလပ်ဘူရီယမ် အသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ တာဖြစ်ပြီး ပူးပေါင်းတဲ့ စာချုပ်ပါ အချက်အလက် တစ်ချို့မှာလည်း ယခင်ပုံစံတွေက လိုအငှားချတဲ့ သဘောမျိုးမဟုတ်ပဲ အမေရိကန်ဒေါ်လာ (၅) သောင်း နဲ့ အောင်သူကို အပြတ်ရောင်းချခဲ့တာ ဖြစ်တယ်လို့ ရတနာပုံ အသင်းမန်နေဂျာ ကိုအတာဦး ကဖြေကြားခဲ့ပါ တယ်။

သို့သော်လည်း အောင်သူနဲ့ ဘူရီယမ်တို့ရဲ့ စာချုပ်ချုပ်ဆိုမှုအသေးစိတ် အချက်အလက်တွေကို တော့ သိရှိရခြင်းမရှိသေးပဲ၊ အောင်သူ ပါဝင်ကစားမယ့် ဘူရီယမ်အသင်းက တော့ ထိုင်းလိဂ်ဝမ်းပြိုင်ပွဲ ရဲ့ အဆင့် (၅) နေရာမှာရပ်တည်နေလျက်ရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

လက်ရွေးစင် ကစားသမား အောင်သူ အနေနဲ့က လည်း ထိုင်းကလပ် အသင်းတွေဖြစ် တဲ့ Police Tero၊ Muangthong United အသင်းတို့မှာ ကစားထား ခဲ့ဖူးပြီး၊ လက်ရှိပူးပေါင်းလိုက်တဲ့ ဘူရီယမ်အသင်း ကတော့ သူ့ရဲ့တတိယမြောက် ထိုင်းကလပ် အသင်းဖြစ်လာကြောင်းလည်း သိရပါတယ်။

credit

Zawgyi

ရတနာပုံ အသင္း နဲ႔ ျမန္မာ့လက္ေရြးစင္တိုက္စစ္မႉးေအာင္သူကေတာ့ ထိုင္းလိဂ္ဝမ္း ကလပ္ဘူရီယမ္ အသင္းနဲ႔ တရားဝင္ပူး ေပါင္းလိုက္ေၾကာင္း ဘူရီယမ္အသင္းရဲ့ လူမႈကြန္ယက္(ေဖ့ဘြတ္)စာမ်က္ႏွာ မွာ ေဖာ္ျပထားတဲ့ပုံ အရ သိခဲ့ရပါတယ္။

ေအာင္သူ အေနနဲ႔ ယခုအပတ္အတြင္းမွာ ထိုင္းလိဂ္ဝမ္းကလပ္ဘူရီယမ္ အသင္းနဲ႔ သြားေရာက္ပူးေပါင္းခဲ့ တာျဖစ္ၿပီး ပူးေပါင္းတဲ့ စာခ်ဳပ္ပါ အခ်က္အလက္ တစ္ခ်ိဳ႕မွာလည္း ယခင္ပုံစံေတြက လိုအငွားခ်တဲ့ သေဘာမ်ိဳးမဟုတ္ပဲ အေမရိကန္ေဒၚလာ (၅) ေသာင္း နဲ႔ ေအာင္သူကို အျပတ္ေရာင္းခ်ခဲ့တာ ျဖစ္တယ္လို႔ ရတနာပုံ အသင္းမန္ေနဂ်ာ ကိုအတာဦး ကေျဖၾကားခဲ့ပါ တယ္။

သို႔ေသာ္လည္း ေအာင္သူနဲ႔ ဘူရီယမ္တို႔ရဲ့ စာခ်ဳပ္ခ်ဳပ္ဆိုမႈအေသးစိတ္ အခ်က္အလက္ေတြကို ေတာ့ သိရွိရျခင္းမရွိေသးပဲ၊ ေအာင္သူ ပါဝင္ကစားမယ့္ ဘူရီယမ္အသင္းက ေတာ့ ထိုင္းလိဂ္ဝမ္းၿပိဳင္ပြဲ ရဲ့ အဆင့္ (၅) ေနရာမွာရပ္တည္ေနလ်က္ရွိတဲ့ အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။

လက္ေရြးစင္ ကစားသမား ေအာင္သူ အေနနဲ႔က လည္း ထိုင္းကလပ္ အသင္းေတြျဖစ္ တဲ့ Police Tero၊ Muangthong United အသင္းတို႔မွာ ကစားထား ခဲ့ဖူးၿပီး၊ လက္ရွိပူးေပါင္းလိုက္တဲ့ ဘူရီယမ္အသင္း ကေတာ့ သူ႔ရဲ့တတိယေျမာက္ ထိုင္းကလပ္ အသင္းျဖစ္လာေၾကာင္းလည္း သိရပါတယ္။

credit

Leave a Reply

Your email address will not be published. Required fields are marked *