မြန်မာ့ Esport သမိုင်း ရဲ့ ပထမဆုံး စံချိန်တစ်ခုအနေနဲ့ World Champion ဆုကြီးကို ရယူနိုင် ဖို့ ဖိုင်နယ်ပွဲစဉ် ကို တက်လှမ်းသွား တဲ့ Burmese Ghouls အသင်း

Posted on

ပရိသတ်ကြီးရေ စင်ကာပူနိုင်ငံမှာ လက်ခံကျင်းပနေခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီးကိုတော့ မြန်မာ့ကိုယ်စားပြုအသင်းအနေနဲ့ Burmese Ghouls အသင်းကတော့ သွားရောက်ယှဉ်ပြိုင်နေခဲ့ပါတယ်။Burmese Ghouls အသင်းကတော့ Esport လောကမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးဖြစ်တဲ့ ကမ္ဘာချန်ပီယံဆုကြီးကို ပေးအပ်တဲ့ M2 ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံ ရဲ့ တစ်သင်းတည်း သောအသင်း အဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင် ခဲ့တာလည်း ဖြစ်ပါတယ်နော်။

ယနေ့မှာ တော့ Burmese Ghouls အသင်းဟာ မြန်မာ့ Esport သမိုင်းရဲ့ ပထမဆုံး စံချိန်တစ်ခု အနေနဲ့ M2 World Championship ပြိုင်ပွဲကြီး ရဲ့ Grand Final ကို ရှုံးပွဲမရှိ ဆိုတဲ့ ရလဒ်နဲ့ အတူ ဂုဏ်ယူစွာ နဲ့ တက်လှမ်းသွား နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်နော် ။ ပြိုင်ဘက်အသင်းတွေ ကို အကြိတ်အနယ် နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ထိုက်ထိုက်တန်တန်နဲ့ ကို စံချိန်အသစ်နဲ့ တက်ရောက်သွားခဲ့ တာပဲဖြစ်ပါတယ်။ နိုင်ငံတကာကလာ ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ဘက်အသင်း တွေကြားထဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ Burmese Ghouls အသင်းရဲ့ စွမ်းရည်တွေက တော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။

ချန်ပီယံ ဆုကြီး ကို အရယူ ဖို့ ရည်ရွယ်ချက်ထား ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တဲ့Burmese Ghouls အသင်း ဟာ စွမ်းရည်ပြည့်ဝလွန်းတာကြောင့် မြန်မာပရိသတ်တွေက လည်း ဂုဏ်ယူမဆုံး ဖြစ်နေကြတာလည်းဖြစ်ပါတယ်နော် ။

ပရိသတ်တွေ က လည်း မြန်မာ့ကိုယ်စားပြု အသင်းဖြစ် တဲ့ Burmese Ghouls အသင်း ကို Final ပွဲစဥ်မှာ လည်း အားပေးဖို့ အဆင်သင့်ဖြစ် နေကြပါပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *