မြောက် ဥက္ကလာပ ဆေးရုံမှာ ငွေကျပ် သိန်း(၁၂၀)တန်ဖိုးရှိ ICU ကုတင်များ အား ဒုတိယအကြိမ် လှူဒါန်းပေးခဲ့ တဲ့ ခေတ်သစ် ဖောင်ဒေးရှင်း

Posted on

လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်ကြပြီး ခေတ်သစ်ဖောင်ဒေးရှင်း ကို တည်ထောင်ထားခဲ့ပြီး မွေးရာပါ နှလုံးအပေါက်ပါ တဲ့ ရောဂါဝေဒနာရှင် ကလေးတွေ ကို ကူညီကုသ ပေးနေခဲ့ တာပဲဖြစ်ပါ တယ်။ ယခုလို ကိုဗစ်ကာလ အချိန်မှာ တော့ ခေတ်သစ်ဖောင် ဒေးရှင် းဟာ ကိုဗစ် ရောဂါနဲ့ ပတ်သက် ပြီးကျန်းမာရေး ဝန်ထမ်းများ နှင့် စေတနာ့ ဝန်ထမ်းများ အတွက် လိုအပ်လျက်ရှိ သည်များ ကို အချိန်နှင့် ကူညီလှုဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိမှာလည်း မြောက်ဥက္ကလာပ ဆေးရုံ အရေးပေါ် ဌာန တွင် လူနာရောက် လာသည်နှင့် တစ်ပြိုင် နက် Function အစုံအလင်ဖြင့် အဆင်ပြေစွ ာအသုံးပြုနိုင် သော ICU လူနာ ကုတင်များ မှာ လိုအပ်လျက်ရှိ တယ် လို့သိရပါတယ်။

ထို့ကြောင့် လည်း ခေတ်သစ်ဖောင်ဒေးရှင်း က နေ ICU ကုတင်(၄) လုံး (တန်ဖိုး ငွေကျပ် သိန်း ၁၂၀ ကျပ် )အား ဒုတိယ အကြိမ် သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။

ခေတ် သစ် ဖောင်ဒေးရှင်း မှ စေတနာရှင် အလှူရှင်များ နှင့်စုပေါင်း ၍ မြောက်ဥက္ကလာပ ဆေးရုံတွင် ပထမအကြိမ် (၂)လုံး၊ ဒုတိယအကြိမ်(၄)လုံးနဲ့ စုစုပေါင်းကုတင် (၆)လုံးကို လှူဒါန်းပြီးစီးခဲ့ပြီ လို့လည်းသိရပါ သေးတယ်။

ထိုအလှူကို တော့ လင်းလင်း ကိုယ်တိုင်သွားရောက်လှူဒါန်း ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်သစ် ဖောင်ဒေးရှင်း မှ အလှူပုံရိပ်လေးတွေ ကို ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ရပါတယ်။

sourcce: Htwe Lynn Ko

zawgyi






sourcce:Htwe Lynn Ko

Leave a Reply

Your email address will not be published. Required fields are marked *